Good Review နဲ့ Bad Review တွေကို ဘယ်လိုစိစစ်နိုင်မလဲ?

Knowledge

1 min

ကိုယ့် E-commerce မှာ ကိုယ်ရောင်းတဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီး၊ ကိုယ်ပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဝယ်သူတွေဟာ review လာရေးလေ့ရှိကြပါတယ်။

ဒီလို review လာပေးကြတဲ့အခါ တစ်ချို့က ကိုယ့်ဆီမှာ မဝယ်ဖူး၊ ကိုယ်နဲ့တစ်ခါမှ မဆက်ဆံဖူးပဲ bad review လာရေးကြတာမျိုးတွေက ဆိုင်ရှင်တိုင်း ကြုံတွေ့ရလေ့ရှိတဲ့ ပြသနာပါပဲ။

ဒီလိုမျိုး review တွေကို ပစ္စည်းတစ်ခုချင်းစီအောက်မှာ ဘယ်ဟာက good review၊ ဘယ်ဟာက bad review ဆိုတာလိုက်ရှာပြီး စိစစ်နေရရင် အဆင်မပြေနိုင်ပါဘူး။

Digi-Zaay ရဲ့ Dashboard မှာတော့ ဝယ်သူတွေပေးထားသမျှ review တွေအကုန်လုံးကို section တစ်ခုနဲ့သီးသန့်မြင်ရမှာ ဖြစ်ပါတယ်။

ဒီ section ထဲမှာ review တွေကိုအလွယ်တကူ စိစစ်နိုင်ဖို့ အပိုင်း၂ပိုင်းခွဲထားပါသေးတယ်။

1. Review တွေအကုန်လုံးပြပေးတဲ့အပိုင်းနဲ့

2. Approve မပေးရသေးတဲ့၊ မစစ်ဆေးရသေးတဲ့ review တွေကိုပြပေးတဲ့အပိုင်း

ဝယ်သူရေးထားတဲ့ review တွေကို ဆိုင်ရှင်ဘက်က approve မပေးရသေးဘူးဆိုရင် အဲ့ဒီ review ကိုရေးတဲ့ ဝယ်သူတစ်ယောက်ကပဲ မြင်နေရမှာဖြစ်ပြီးတော့ ကျန်တဲ့ သူတွေက မြင်ရမှာမဟုတ်ပါဘူး။

ဆိုင်ရှင် approve ပေးထားတဲ့ review တွေကိုပဲ လူတိုင်းမြင်ရမှာ ဖြစ်ပါတယ်။

ဒီလိုပုံစံမျိုးနဲ့ review တွေကို သေချာကိုင်တွယ်စိစစ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအချက်တွေနဲ့ပြည့်စုံပြီးယုံကြည်စိတ်ချရတဲ့ E-commerce တစ်ခုအနေနဲ့ "Digi-Zaay E-commerce Enabler" ကိုအခုပဲရွေးချယ်လိုက်ပါ။ လူကြီးမင်းရဲ့ ဆိုင်နာမည်နဲ့ Website, Android app, iOS app တွေအပြင် Chatbot တစ်ခုကိုပါပိုင်ဆိုင်ရမှာပါ။

#Digi-Zaay

#မြန်မာနိုင်ငံအတွက် အဆင်ပြေဆုံး Checkout Process

E-commerce

3 min

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္...

Knowledge

4 min

Cross -Border-E-Commerce ဆိုတာ ကိုယ့်ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နိုင်တာ မဟုတ်ဘဲ နိုင်ငံတကာကနေ အရောင်းအဝယ်ပြုလုပ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address