"Dinky Diana" Cosmetic & Accessory Store

E-commerce

3 min

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္စည်း အမှတ်တံဆိပ်ပေါင်းများစွာကို ဖြန့်ဖြူးရောင်းချပေးနေတဲ့ Cosmetic & Accessories Store တစ်ခု ဖြစ်ပါတယ်။


"Dinky Diana" မှာရောင်းချပေးနေတဲ့ အလှကုန် ပစ္စည်းပေါင်းများစွာကို ဝယ်ယူနိုင်မယ့် E-Commerce Storefront ကိုတော့ ကျွန်တော်တို့ Digi-Zaay Package ကို အသုံးပြုတည်ဆောက်ထားပြီး Android App ,iOS App, Website နဲ့ Chatbot တွေကနေတစ်ဆင့် လွယ်လင့်တကူ မှာယူမှု ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်…


"Dinky Diana" ရဲ့ E-Commerce Storefront ကနေဝယ်ယူမယ့် Customer တွေအနေနဲ့ အသစ်ရောက်တဲ့ ပစ္စည်းတွေ ၊ ကိုယ်လိုချင်တဲ့ ပစ္စည်းတွေ ၊ လက်ရှိ Trend ဖြစ်နေတဲ့ ပစ္စည်းတွေကို တကူးတက မေးနေစရာမလိုဘဲ ဒီ E-Commerce ကိုဝင်လိုက်တာနဲ့ သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဝယ်ယူတဲ့ ပစ္စည်းတစ်ခုချင်းစီအတွက် Earning Points များကိုပါ စုဆောင်းထားနိုင်ပြီး စုဆောင်းထားတဲ့ Earning Points တွေကိုတော့ နောက်တစ်ကြိမ် ပစ္စည်းဝယ်ယူတဲ့အခါတိုင်းမှာ ပြန်လည် အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။


"Dinky Diana" ရဲ့ E-Commerce Storefront ကနေ ဝယ်ယူတဲ့ ပစ္စည်းတွေကို ပို့ဆောင်ပေးနိုင်ဖို့အတွက်ဆိုရင်တော့ Deliver To Home (ဒါမှမဟုတ်) Pickup At The Store စတဲ့ Logistic တွေထဲကနေ ရွေးချယ်နိုင်တာကြောင့် အမြို့မြို့အနယ်နယ်က Customer တွေအတွက်ရော နီးစပ်ရာဒေသက ဝယ်ယူတဲ့ Customer တွေအတွက်ပါ အဆင်ပြေစေပါတယ်။


Logistic ရွေးချယ်ပြီးသွားပြီ ဆိုရင်တော့ ဆက်လက်လုပ်ဆောင်ရမယ့် ငွေပေးချေမှုအပိုင်းကို Bank Account တွေကနေပေးချေနိုင်သလို ၊ KBZ Pay , Wave Pay စတဲ့ Pay မျိုးစုံနဲ့လည်း ပေးချေနိုင်ပါတယ်။ ပစ္စည်းရောက်မှ ငွေချေလိုတဲ့ Customer တွေအနေနဲ့ကတော့ ပစ္စည်းရောက်မှ ငွေချေ (Cash On Delivery ) စနစ်နဲ့ ပေးချေ နိုင်ပါတယ်။


ဒီအချက်တွေ အကုန်ပြီးစီးသွားလို့ ပစ္စည်းမှာယူထားပြီးရင်တော့ ကိုယ့်လက်ထဲ ပစ္စည်းရောက်မလာမချင်း အော်ဒါ အတည်ပြုပြီးကြောင်း ၊ Payment လက်ခံရရှိကြောင်းနဲ့ ပစ္စည်းပို့ဆောင်သွားပြီးကြောင်း စတာတွေကိုလည်း Application Notification သာမကဘဲ SMS နဲ့ပါ အမြဲအကြောင်းကြားပေးနေမှာ ဖြစ်တာကြောင့် ပစ္စည်းမရောက်ရှိလာမှာကို တော့ လုံး၀စိတ်ပူနေစရာ မလိုတော့ပါဘူးနော်။


ဒါ့အပြင် အမြဲတမ်းဝယ်ယူနေကျ ပစ္စည်းတွေကို ထပ်ခါထပ်ခါ မှာယူတက်တဲ့ Customer တွေအတွက်ကတော့ အစအဆုံး ပစ္စည်းပြန်ရှာ ၊ ပြန်ဝယ်နေဖို့ မလိုဘဲ "Click" တချက်နှိပ်ရုံနဲ့ ပြန်လည် ဝယ်ယူနိုင်တဲ့ "ReOrder" စနစ်လည်း ပါဝင်တာကြောင့် အလှကုန်ပစ္စည်းဝယ်ယူမယ့် ပျိုမေတို့အတွက် "Dinky Diana E-Commerce Storefront" ကနေ လွယ်ကူလျှင်မြန်စွာ ဝယ်ယူနိုင်ပြီဆိုတာ သတင်းကောင်းပါလိုက်ပါတယ်ရှင့်။


Digi-Zaay ဟာ နည်းပညာတွေပိုမိုတိုးတက်လာတဲ့ ကာလမှာ Brand Owner တွေနဲ့ ရင်းနှီးမြုပ်နှံလိုတဲ့ ဆိုင်ရှင်တွေအတွက် ကိုယ်ပိုင် Brand နဲ့ Full-Stack E-Commerce တစ်ခုကို (၂) ပတ်အတွင်း ပိုင်ဆိုင်နိုင်စေဖို့ အစအဆုံး တာဝန်ယူစီစဉ်ပေးတဲ့ Service Package ဖြစ်ပါတယ်။


Digi-Zaayကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၃၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။


E-commerce

3 min

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္...

Knowledge

4 min

Cross -Border-E-Commerce ဆိုတာ ကိုယ့်ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နိုင်တာ မဟုတ်ဘဲ နိုင်ငံတကာကနေ အရောင်းအဝယ်ပြုလုပ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address