အိမ်နီးချင်းနိုင်ငံတွေရဲ့ တိုးတက်​ပြောင်းလဲလာတဲ့ Cross -Border-E-Commerce

Knowledge

4 min

Cross -Border-E-Commerce ဆိုတာ ကိုယ့်ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နိုင်တာ မဟုတ်ဘဲ နိုင်ငံတကာကနေ အရောင်းအဝယ်ပြုလုပ်နိုင်တဲ့ E-commerce ကိုဆိုလိုတာပါ။ ဥပမာ - ပြည်ပ နိုင်ငံတစ်ခုမှာ ရောင်းချနေတဲ့ ပစ္စည်းတွေကို E-commerce Website တွေကနေ ဝယ်ယူတယ် ၊ ဝယ်တဲ့ ပစ္စည်းအတွက် ကျသင့်ငွေရှင်းတယ် ၊ ပြီးရင် နယ်စပ်ဂိတ်တွေကနေ ကိုယ့်ဆီထိ အရောက် ပို့ပေးနိုင်တာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ Cross-Border-E-commerce ကနေဝယ်ယူပြီး Business to Business (B2B) ပြန်လည်ရောင်းချနေကြသလို ၊ Business to Consumer (B2C) ရောင်းချနေကြတာကို တွေ့နိုင်ပါတယ်။


Cross -Border-E-Commerce အကြောင်းပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံမှာ အများဆုံး အရောင်းအဝယ် ပြုလုပ်လေ့ရှိတဲ့ တရုတ်နိုင်ငံ နဲ့ ထိုင်းနိုင်ငံကတော့ မပါမဖြစ်ပါပဲ ။ ဒီထဲကမှ တရုတ်နိုင်ငံရဲ့ Cross-Border-E-commerce က ဘယ်လောက်ထိ ကျယ်ပြန့်ပြီး တိုးတက်လာလဲ ဆိုတာ ပြောပြပေးသွားပါမယ်။


Cross-Border-E-commerce ကနေ ဝယ်ယူခြင်းက နိုင်ငံခြား Branded ပစ္စည်းတွေကို စျေးသက်သက်သာသာနဲ့ အလွယ်တကူ ဝယ်ယူနိုင်တာကြောင့် Consumer တွေရဲ့ နေ့စဉ်ဘ၀မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်လာပါတယ်။ ဒီလို ပါဝင်လာမှုကြောင့် တရုတ်နိုင်ငံရဲ့ Cross-Border-E-commerce ကနေ အရောင်းအဝယ်ပြုလုပ်မှုတွေဟာ တစ်နှစ်ထပ် တစ်နှစ် များပြားလာပြီး လက်ရှိမှာဆိုရင် အသုံးပြုသူ 235 သန်းကျော်ထိ ရှိနေပြီပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ တရုတ်နိုင်ငံရဲ့ အသုံးပြုသူတွေဟာ Shopify's Cross-Border E-commerce နဲ့ JD Marketplace တို့ကနေ ရောင်းဝယ်မှု အများဆုံး ပြုလုပ်ကြတာဖြစ်ပါတယ်။


2020 ခုနှစ်မှာ Cross-Border E-commerceကို ထဲထဲဝင်ဝင် ကြိုးစားလာတဲ့ Shopify အနေနှင့် တစ်နှစ်အတွင်းမှာပဲ နိုင်ငံတကာ ဈေးကွက်ကနေ ဒေါ်လာ 20billion အထိ ‌ရောင်းချနိုင်ခဲ့ပါတယ်။ သို့သော်လည်း 2021, ဇူလိုင်လအတွင်းမှာ ငွေကြေးဆိုင်ရာက်စ္စရပ်များ၊ဘာသာစကားအခက်အခဲများ ၊ အခွန်ဆိုင်ရာ အခက်အခဲများကြောင့် နိုင်ငံတစ်ခုနှင့်တစ်ခုရောင်းဝယ်မှု ပြုလုပ်ရာမှာ အခက်အခဲ ရှိလာတာကြောင့် JD Marketplace ကို စတင် အသုံးပြုလာခဲ့ပါတယ်။


Shopify ရဲ့ ရောင်းအားကို ထိန်းသိမ်းနိုင်ဖို့ အတွက် တရုတ်နိုင်ငံရဲ့ Ecommerce နယ်ပယ်မှာ အသုံးများတဲ့ JD.com နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် JD Marketplace ကို တည်ဆောက်ခဲ့ပါတယ်။ JD Marketplace က ကမ္ဘာတစ်ဝန်း Brandပေါင်း 2 သောင်းကျော်၊ နိုင်ငံပေါင်း 100 ကျော် အထိ အောင်မြင်လာခဲ့ပါတယ်။ JD.com ရဲ့ Warehouse များကိုလဲ အမေရိကန်၊ ဂျာမဏီ ၊နယ်သာလန် ၊UKနှင့် များစွာသော နိုင်ငံအများအပြားမှာ တည်ဆောက်ထားပြီ တရုတ်နိုင်ငံအပါအဝင် warehouse 1300 ကျော်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရောင်းချတဲ့ ပစ္စည်းမျာရဲ့ 90% ကို 24နာရီအတွင်း ပို့ဆောင်ပေးနိုင်တဲ့အထိ ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။


ဒီလို Cross -Border-E-Commerce တွေကို အသုံးများလာတဲ့ တရုတ်နိုင်ငံဟာဆိုရင် 2020ခုနှစ်မှာ Cross -Border-E-Commerce ရဲ့ Export လုပ်ငန်းတွေကနေ ယွမ်1.69 trillion, Import လုပ်ငန်းတွေကနေ ယွမ်570 billion(16.5%)အထိအ ကျိုးအမြတ်များရရှိခဲ့ပြီး 2021ခုနှစ်မှာ လုပ်ငန်းနှစ်ခုပေါင်း ယွမ် 1.98trillion (17%)ထိ တစ်နှစ်ထက် တစ်နှစ် တိုးတက်လာခဲ့ပါတယ်။


ဒါတွေကို ကြည့်မယ်ဆိုရင် Cross -Border-E-Commerce ဟာ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာပဲ ရောင်းဝယ်မှုတိုးတက်နေတာ မဟုတ်ဘဲ နိုင်ငံတကာမှာပါ တဖြည်းဖြည်းတိုးတက်လာနေတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။


E-commerce

3 min

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္...

Knowledge

4 min

Cross -Border-E-Commerce ဆိုတာ ကိုယ့်ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နိုင်တာ မဟုတ်ဘဲ နိုင်ငံတကာကနေ အရောင်းအဝယ်ပြုလုပ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address