တစ်ချက် နှိပိရုံနဲ့ မှာနေကျ လက်ကားအော်ဒါတွေအတိုင်း ပြန်လည်မှာယူနိင်ပါပြီ

E-commerce

4 min

အခုလို နည်းပညာ တိုးတက်လာတဲ့ ခေတ်ထဲမှာ လူအများစုက Online ကတစ်ဆင့် စျေးဝယ်ရတာကို ပိုမိုခုံမင်လာကြပါတယ်။ Online က ဝယ်ယူရာမှာလည်း  Facebook , Instagram တို့လို Social Platform တွေကနေ ဝယ်ယူကြသလို E-Commerce Website / Mobile Application တို့ကနေလည်း ဝယ်ယူလာကြပါတယ်။

 

ဒီလို ဝယ်ယူကြရာမှာ အခက်အခဲ လေးတွေအနည်းနဲ့အများတော့ ရှိကြမှာပါ။ ဒီအခက်အခဲတွေထဲကမှ စျေးဝယ်သူတွေ အများဆုံးတွေ့ကြုံရတာတွေထဲက တစ်ခုကတော့ အရင်ဝယ်ယူပြီးသားပစ္စည်း​​တွေကို ထပ်မံဝယ်ယူချင်တဲ့အခါမှာ ပစ္စည်းတစ်ခုချင်းစီကို Shopping Cart ထဲ ပြန်ထည့် ပြန်၀ယ် ​နေကြရတာပဲ ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေက လက်လီဝယ်ယူသူတွေ အတွက်တော့ အခက်အခဲဖြစ်ချင်မှ ဖြစ်နိုင်ပေမယ့် လက်ကားဝယ်ယူမယ့် Customer တွေအတွက်ကတော့ တကယ်ကို  ကြီးမားတဲ့ ပြဿနာ တခုပါပဲ။

 

 

ပုံမှန် လက်ကား ဝယ်လေ့ရှိတဲ့ သူတစ်ယောက်က မှာနေကျပစ္စည်းတွေကိုပဲ ပြန်မှာ ချင်တဲ့အခါမျိုးမှာ အစအဆုံး ပစ္စည်း တစ်ခုချင်းစီကို ရှာဖွေရတာတွေ ၊ ပစ္စည်းနာမည် ပြန်စဥ်းစားရတာတွေ ၊ ဝယ်ယူမယ့် အရေအတွက်ကို ရိုက်ထည့်နေရတာ စတာတွေအတွက်  အချိန်ကုန် လူပင်ပန်း ဖြစ်လာတက်ကြပါတယ်။ဒီလို ဖြစ်လာပြီဆိုရင် အသုံးပြုနေတဲ့  Website / Mobile Application ကို ဆက်ပြီး အသုံးမပြုဖြစ်​တော့တာမျိုး​တွေ ဖြစ်လာနိုင်တာကြောင့် ကိုယ့်ရဲ့ Customer ​တွေကို ဆုံးရှုံးလိုက်ရမှာ အမှန်ပါပဲ။

 

 

ဒီလို လက်ကား ၀ယ်တဲ့သူ​တွေ ကြုံ​တွေ့​နေရတဲ့ ပြဿနာ ​တွေကို ​ Digi-Zaay ကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ UKK Longyi Application မှာ ဘယ်လို ​ဖြေရှင်းထားတယ် ဆိုတာကို ​ဖော်ပြ​ပေးသွားပါမယ်။

 

UKK Longyi App ဟာ UKK Brand နဲ့ လုံချည် ပုံစံအမျိုးမျိုးကို လက်လီရော လက်ကားပါမှာယူနိုင်တဲ့ E-Commerce App တစ်ခု ဖြစ်ပါတယ်။  Android နဲ့ iOS App တွေအနေနဲ့ ရှိသလို Web ကနေတဆင့် အသုံးပြုနိုင်ပါတယ် ။ 

 

UKK Longyi  Application မှာဆိုရင် Customer တစ်​ယောက်ချင်းစီအလိုက် ​ Application စသုံးစဉ်ကနေ ယခုလက်ရှိထိ ဝယ်ယူထားသမျှအော်ဒါ တစ်ခုချင်းစီရဲ့ အသေးစိတ် အချက်အလက်တွေကို တွေ့နိုင်ပါတယ်။  Customer အနေနဲ့ ရှေ့က၀ယ်ယူပြီးသား ​အော်ဒါကိုပဲထပ်မှာ ချင်တဲ့အခါမှာ ဆိုရင်တော့ ပြန်လည် ၀ယ်ယူလိုတဲ့  ​အော်ဒါမှာ ရှိတဲ့ " ပြန်လည်မှာယူမည်" ဆိုတာကို တစ်ချက်နှိပ်လိုက်ရုံပါပဲ။ ဒီလို Click တချက် နှိပ်လိုက်တာနဲ့ ရှေ့က မှာယူထားတဲ့ အတိုင်း ပစ္စည်းတစ်ခုချင်းစီရဲ့ အ​ရေအတွက်နဲ့ ကျသင့်​ငွေ အားလုံးက Shopping Cart ထဲကို ရောက်ရှိလာမှာပဲ ဖြစ်ပါတယ်။ ပြန်လည်မှာယူလိုက်တဲ့ အော်ဒါမှာ ပစ္စည်းကုန်သွားတာ ၊ အရေအတွက် မလောက်တော့တဲ့ အခါမျိုးမှာ ဆိုရင်လည်း ရနိုင်တဲ့ Stock အရေအတွက်ကို ပြန်လည် မှာယူပေးဖို့ Warning Meesage ပြထားပေးတာဖြစ်ပါတယ်။ ဒီလို Warning Message ပြပေးထားတာကြောင့် ပစ္စည်းလာပို့မှ မှာထားသလောက် အရေအတွက် မရတာ ၊ ပစ္စည်းအစားထိုး ပို့ပေးတဲ့ ပြဿနာတွေကိုပါ ဖြေရှင်းပြီး ဖြစ်သွားမှာပါ။

 

 

ဒါ့အပြင် ဒီ အော်ဒါမှာမှ ထပ်တိုး၀ယ်လိုတဲ့ ပစ္စည်း​တွေရှိရင်လည်း ထပ်ပေါင်းမှာယူလို့ရပါသေးတယ်။ ဝယ်လိုတဲ့ ပစ္စည်းနဲ့ အရေအတွက်ကို Shopping Cart ထဲ ထည့်လိုက်ရုံပါပဲ ။ Shopping Cart ထဲကို ရောက်လာတဲ့အခါမှာလည်း ကိုလိုချင်တဲ့ အရေအတွက် ကို အတိုးအလျော့ ပြုလုပ်နိုင်တာကြောင့် ကိုယ်လိုချင်တဲ့ ပစ္စည်းမရလိုက်မှာ ၊ စိတ်ကြိုက် အရေအတွက် မရမှာ မျိုးတွေအတွက် စိတ်ပူစရာရှိမှာ မဟုတ်တော့ပါဘူး ။ 

 

 

ကိုယ် မှာယူမယ့် ပစ္စည်း​တွေ​ရွေးချယ်ပြီးသွားပြီဆိုရင်​တော့ ဝယ်ယူထားတဲ့ ပစ္စည်းတွေကိုယ့်ဆီ ရောက်လာဖို့အတွက် ငွေပေးချေမှုအပိုင်းနဲ့ ပစ္စည်းလက်ခံရရှိနိုင်ဖို့ပို့ဆောင်ရေး အပိုင်းတွေကို ဆက်လက် လုပ်ဆောင်ပေးရမှာပဲ ဖြစ်ပါတယ်။ ပစ္စည်းပို့ဆောင်ဖို့ ရွေးချယ်ရမှာလည်း ဆိုင်ခွဲတွေထိ ကိုယ်တိုင်သွားယူနိုင်သလို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးဖို့ကို လည်း ရွေးချယ်နိုင်ပါတယ်။ ဒီလို ရွေးချယ်နိုင်ခြင်းက မြို့နယ် တခုတည်းကသူတွေအတွက်သာ မကဘဲ တခြားမြို့က သူတွေအတွက်ပါ ဝယ်ယူရ အဆင်ပြေစေပါတယ်။ 

 

 

ပစ္စည်းပို့ဆောင်ဖို့ ရွေးချယ်ပြီးသွားရင်တော့ ငွေပေးချေမှု အပိုင်းဆက်လက် လုပ်ဆောင်သွားရုံပါပဲ။

ဝယ်ယူမှုကိုငွေပေးချေတဲ့အခါမှာလည်း  Bank Account တွေကနေတစ်ဆင့် တိုက်ရိုက်ပေးချေနိုင်သလို၊ ပစ္စည်းလက်ခံရရှိမှ ငွေပေးချေနိုင်တဲ့ Cash On Delivery စနစ်နဲ့လည်း ငွေပေးချေနိုင်ပါသေးတယ် ။ ငွေပေးချေရာမှာ ဒီလို ရွေးချယ်နိုင်တာကြောင့် ပစ္စည်းရောက်မှ ငွေပေးချေချင်တဲ့ Customer တွေအတွက် အရမ်းအဆင်ပြေစေမှာပဲ ဖြစ်ပါတယ်။

 

ဒါတွေကို ကြည့်မယ်ဆိုရင် မှာယူပြီးသားအော်ဒါတွေအတိုင်း ထပ်ခါထပ်ခါ မှာယူလိုတဲ့ Customer တွေအတွက် အခုလို Click တစ်ချက်နှိပ်လိုက်ရုံနဲ့ ချက်ချင်းပြန်လည် ဝယ်ယူဖို့လွယ်ကူသွားတဲ့အတွက်ကြောင့် ပစ္စည်းဝယ်ယူဖို့ ပေးရတဲ့အချိန်တွေကို သက်သာစေပြီး ဝယ်ယူရတာလည်း အခက်အခဲမရှိ အဆင်ပြေချောမွေ့စေမှာပဲ ဖြစ်ပါတယ် ။ ဒ့ါအပြင် ထပ်ခါ ထပ်ခါဝယ်ချင်တဲ့အခါတိုင်း  ပစ္စည်းပြန်လည် ရှာဖွေရတဲ့ အတွက်ကြောင့် ဖြစ်ပေါ်စေတဲ့ ငြီးငွေ့စရာကောင်းတာတွေ စိတ်ပျက်စိတ်ရှုပ်ထွေးစရာ ပြဿနာ တွေကိုလည်း ကြုံတွေ့ခံစားရတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် UKK Longyi Application ကိုအသုံးပြုပြီး ဈေးဝယ်မယ်ဆိုရင်တော့ သက်တောင့်သက်သာဖြစ်ပြီး မြန်မြန်ဆန်ဆန်နဲ့ ဝယ်ယူရရှိမှာဖြစ်လို့  အကောင်းမွန်ဆုံး စျေးဝယ်ခြင်း အတွေ့အကြုံကို ရရှိစေမှာဖြစ်ပါတယ် ။  

 


Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM-Digital-Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။
 

 

 

E-commerce

3 min

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္...

Knowledge

4 min

Cross -Border-E-Commerce ဆိုတာ ကိုယ့်ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နိုင်တာ မဟုတ်ဘဲ နိုင်ငံတကာကနေ အရောင်းအဝယ်ပြုလုပ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address