ကိုယ့်ရဲ့ E-Commerce လုပ်ငန်းကို ပိုမိုအောင်မြင်အောင် အထောက်အကူပေးနိုင်မဲ့ 2022 ရဲ့ Key Ecommerce Trends တွေက

Knowledge

4 min

21 ရာစုနှစ်ကစပြီး E Commerce နယ်ပယ်က ရောင်းဝယ်မှုတွေဟာ  အရှိန်အဟုန်နဲ့ တိုးတက်လာတယ်ဆိုတာကို သတိထားမိကြမှာပါ။ ကိုယ်တိုင် အပါအဝင် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သူတွေထဲက အနည်းဆုံး သုံးပုံနှစ်ပုံက E Commerce ဒါမှမဟုတ် Social Commerce ကနေ မဝယ်ဖူးတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ဒီလို E Commerce တွေ ၊ Social Commerce တွေကနေ ရောင်းဝယ်မှုတွေ များလာတာ ပြိုင်ဆိုင်မှုတွေ များလာတာဟာ ကိုယ့်ရဲ့ Ecommerce မှာ လာဝယ်မယ့် Customer တွေကို ရှာဖွေရတာကလည်း ခက်သထက် ခက်လာတယ်ဆိုတဲ့ သဘောပါပဲ။

 

 

ဒီလို အပြိုင်အဆိုင်ဖြစ်နေတဲ့ E Commerce နယ်ပယ်ထဲမှာ ကိုယ့်ရဲ့ E-Commerce လုပ်ငန်းကို ပိုမိုအောင်မြင်အောင် အထောက်အကူပေးနိုင်မဲ့ 2022 ရဲ့ Key Ecommerce Trends တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

1) Positive Customer Experience Is Everything 

လေ့လာ စမ်းစစ်ချက်တွေအရ Customer တွေရဲ့ 75 % လောက်က သူတို့ဝယ်ယူခဲ့ရတဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ထပ်မံ ဝယ်ယူလေ့ရှိကြတာကိုတွေ့ရပါတယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ Ecommerce မှာ User Friendly ဖြစ်တဲ့ UI /UX တွေနဲ့ တည်ဆောက်ထားတဲ့ Order Process တွေ ၊ အသုံးပြုရလွယ်ကူတဲ့ Checkout Process တွေဖြစ်နေဖို့လိုကို လိုအပ်တယ် ဆိုတဲ့ သဘောပါပဲ ။ ဒါ့အပြင် ကိုယ့်ရဲ့ Brand အကြောင်းကို များများ ရှင်းပြထားနိုင်ဖို့ နဲ့ Customer မေးသမျှကို 24/7 Hours စောင့်ဆိုင်းနေရခြင်း မရှိဘဲ ဖြေပေးနိုင်မယ်ဆိုရင် Customer တွေ စိတ်ကျေနပ်မှု ရှိနိုင်သလို ကိုယ့်ရဲ့ Brand Image ကိုလည်း ထိန်းသိန်းပြီးသားဖြစ်စေမှာပါ။ ဒါမှသာ ကိုယ့် Ecommerce Store ကို ရောက်လာတဲ့သူတိုင်းဟာ ကိုယ့်  Store ရဲ့ အမြဲတမ်း Customer တွေဖြစ်လာစေနိုင်ပါလိမ့်မယ် ။ 

 

 

2) New Commercial Opportunities On Social Platforms

ကိုယ့်ရောင်းချနေတဲ့ Brand နဲ့ Product တွေကို လူသုံးများတဲ့  Facebook , Instagram တို့လို့ Social Platforms တွေမှရဲ့ အားသာချက်ကို အပြည့်အဝ အသုံးချပြီး ရောင်းချသင့်ပါတယ်။ Social Media ရဲ့ "အသုံးပြုသူများတယ်" အားသာချက်ကို ကိုယ့်ရဲ့ "အလွယ်တကူ ဝယ်ယူနိုင်တယ်" E-Commerce Store နဲ့ အပြည့်အဝ Integrate ပြုလုပ်လိုက်နိုင်မယ် ဆိုရင် ရောင်းအား တိုးတက်လာစေရုံသာမက ခိုင်မာတဲ့ Store Brand Image ကိုပါ တည်ဆောက်ပြီးသား ဖြစ်စေနိုင်ပါလိမ့်မယ် ။ 

 

 

3) The Boom of Q-commerce

Q-commerce (Quick-Commerce) ဆိုတာ E Commerce ၊ Social Commerce တို့ကနေ ဝယ်ယူထားတဲ့ အော်ဒါတွေကို Customer ဆီ အမြန်ဆုံးရောက်ရှိစေဖို့အတွက် ပို့ဆောင်ပေးတဲ့ Delivery Service ကို ဆိုလိုတာ ဖြစ်ပါတယ်။ Customer အများစုက Delivery လာပို့ဖို့ စောင့်နေရတာထပ် အခုမှာ အခုရတာမျိုးကို ပိုသဘောကျ ကြပါတယ် ။ ဒါကြောင့် ကိုယ့်ရဲ့ Customer တွေကို အကောင်းမွန်ဆုံး Service တွေပေးချင်တယ်ဆိုရင်တော့ စိတ်ချရပြီး ၊ ငွေကုန်ကြေးကျ သက်သာစေမယ် ၊ အချိန်တို အတွင်း အရောက်ပို့နိုင်တဲ့ Q-commerce တစ်ခု ဖြစ်နေဖို့လိုအပ်ပါတယ်။

 

 

4) Interaction With  Your Community

Ecommerce Store တစ်ခုရေရှည် ရပ်တည်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ Customer တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေဖို့လိုအပ်ပါတယ်။ Brand နဲ့ပက်သတ်ပြီး မေးမြန်းသမျှကို နားလည်အောင် ရှင်းပြပေးတာ ၊ သူတို့ပေးတဲ့ Feedback တွေကို ဂရုတစိုက် နားထောင်ပေးဖို့လည်း လိုအပ်သလို ကိုယ့်ရဲ့ Customer တွေ ဘယ်ချိန်နောက်ဆုံးဝယ်သွားလဲ စတာတွေကိုပါ သိနေဖို့လိုအပ်ပါတယ်။ ဥပမာ - ပုံမှန်ဝယ်နေကျ ဖောက်သည်တစ်ဦးက ရက်အနည်းငယ် အကြာထိ လာမဝယ်တော့တာမျိုး ၊ ဝယ်ယူမှုနည်းသွားတာမျိုးမှာ ဆိုရင် ကိုယ့်ဘက်က ဝယ်နေကျ သူတွေ အတွက် Discount ချပေးတာ ၊ လက်ဆောင်ပေးတာ စတဲ့ အထူးအခွင့်အရေးပေးထားသလို ခံစားရစေအောင် ပြုလုပ်ပေးထားသင့်ပါတယ်။ ဒါ့အပြင် အသစ်ရောက်ရှိလာတဲ့ ကုန်ပစ္စည်းမိတ်ဆက်တွေ ၊ Promotion Campaign တွေကိုလည်း အမြဲတမ်း အသိပေးနိုင်ဖို့ လိုအပ်ပါတယ်။

 

 

5) Sustainability 

ကိုယ့်ရဲ့ Brand ကို အမြဲတမ်း လူသိများနေဖို့ ၊ရောင်းအားကောင်းနေဖို့ ဆိုရင် လက်ရှိ ဘာတွေ Trends ဖြစ်နေတယ်ဆိုတာလည်း သိဖို့လိုအပ်ပါတယ် ။ ကိုယ့်ရဲ့ Brand က တသမတ်တည်း သွားနေမယ်ဆိုရင် ဖောက်သည် အသစ်ရရှိဖို့ အခွင့်အလမ်း နည်းလာနိုင်သလို ဖောက်သည် အဟောင်းတွေကိုပါ ဆုံးရှုံးလာနိင်ပါတယ်။ ကိုယ့်ရဲ့ Brand က အမြဲတမ်း Up To Date ဖြစ်နေမယ် ၊ လက်ရှိ ရာသီနဲ့ လည်း ကိုက်ညီမှု ရှိနေမယ်ဆိုရင် ဒီ Brand ရဲ့ရောင်းအားက အမြဲ တိုးတက်နေမှာ အသေအချာပါပဲ။

 

 

 

ဒီအချက်တွေကို ဂရုတစိုက်နဲ့ ပြင်ဆင်ထားနိုင်မယ်ဆိုရင်တော့ ကိုယ့် Ecommerce Store မှာ လာဝယ်မယ့် Customer တွေကို ခက်ခက်ခဲခဲရှာနေရတဲ့ ပြသနာတွေ ၊ ရောင်းအားကျတဲ့ ပြသနာတွေ မရှိတော့ဘဲ Ecommerce နယ်ပယ်မှာ ရေရှည်ရပ်တည်နိုင်နေမှာပဲ ဖြစ်ပါတယ်။

 

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။

 

E-commerce

3 min

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္...

Knowledge

4 min

Cross -Border-E-Commerce ဆိုတာ ကိုယ့်ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နိုင်တာ မဟုတ်ဘဲ နိုင်ငံတကာကနေ အရောင်းအဝယ်ပြုလုပ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address