Vietnam မှာ Social Media ပေါ်က ရောင်းဝယ်မှုတွေက E-Commerce Industry ကို ဘယ်လို အကျိုးပြုနေတယ် ဆိုတာ

E-commerce

3 min

လက်ရှိ ကျွန်​တော်တို့ ပတ်ဝန်းကျင်မှာ Social Commerce ကတစ်ဆင့် ရောင်းနေ၊ ဝယ်နေကြတာတွေကို နေ့စဉ်နဲ့အမျှ မြင်​တွေ့နေကြရပါတယ် ။ 🛒🛒🛒

 

Social Commerce ဆိုတာ Facebook , Instagram တို့လို Social Media ကို အသုံးပြုပြီး ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဝယ်သူထံ Service ပေးတာ ၊ ရောင်းဝယ်မှုတွေ ပြုလုပ်တာပဲ ဖြစ်ပါတယ်။ Social Commerce ကနေရောင်းဝယ်ကြတာမှာ ကိုယ့် Business Page ကို Like လုပ်ထားသူတွေ ၊ Follower တွေ စတဲ့ သူတွေပေါ်မှာ အားပြုပြီး ရောင်းဝယ်လေ့ ရှိကြပါတယ်။ Social Media မှာရှိတဲ့ ကိုယ့်ရဲ့ Business Page ကို လူသိများလေလေ ရောင်းအား ပိုကောင်းလာလေ ဆိုတဲ့ သဘောပါပဲ ။

 

Social Commerce ကနေ ရောင်းဝယ်မှု အားကောင်းလာဖို့ ဆိုတာ Social Media အသုံးပြုသူ ဘယ်လောက်ရှိလဲ ဆိုတဲ့ ပေါ်မှာလည်း မူတည်နေပါတယ် ။ Statista က ကောက်နှုတ်ဖော်ပြထားတဲ့ ပုံ (၁) ကို ကြည့်မယ်ဆိုရင် Social Commerce ရောင်းဝယ်မှု အားကောင်းတဲ့ Vietnam မှာ လူဦးရေရဲ့ ( 78.1 % ) ဟာ Social Media အသုံးပြုကြပြီး အမြဲ အသုံးပြုနေကျ User ဟာ 76.95 Million ထိ ရှိနေတာကို တွေ့ရမှာပါ။ ဒီလို Social Media အသုံးများလာမှုကြောင့် လက်ရှိမှာဆိုရင် အသေးစား စီးပွားရေးလုပ်ငန်းတွေသာ မကဘဲ စီးပွားရေးလုပ်ငန်းကြီးတွေကပါ Social Media မှာ Business Page တွေပြုလုပ်ပြီး Social Commerce ကနေ ရောင်းဝယ်လာကြတာကို တွေ့ရမှာပါ ။ 📊📊

 

ဘယ်လောက်ပဲ Social Commerce က ရောင်းဝယ်မှု အားကောင်းတယ် ပြောပြော Ecommerce နဲ့ ကွာခြားချက်တွေကတော့ ရှိနေဆဲပါပဲ ။ အထူးသဖြင့် Vietnam မှာ လူသုံးများတဲ့ Facebook ၊ Zalo Shop စတဲ့ Social Media Platform တွေမှာ Ecommerce တစ်ခုပုံစံ အလုပ်လုပ်ပုံတွေ ပါဝင်ပေမယ့် ထုတ်ကုန်တွေကို မိတ်ဆက်ရုံ ၊ကြေငြာရုံလောက်သာ လုပ်ဆောင်နိုင်တာ ဖြစ်ပြီး ပစ္စည်းမှာတာ ၊ ငွေပေးချေတာ ၊ Delivery ပို့တာ စတာတွေကို Customer နဲ့ တိုက်ရိုက် ပြောဆို ရောင်းချနေကြရတာပဲ ဖြစ်ပါတယ် ။ 💰💰

 

Ecommerce Platform တစ်ခုမှာဆိုရင် ရောင်းချမယ့် ကုန်ပစ္စည်းတွေကို အရေအတွက် အကန့်အသတ် မရှိဘဲ ဖော်ပြထားနိုင်တာ၊ အော်ဒါတင်တဲ့ လုပ်ငန်းစဉ်တွေ ၊ ငွေပေးချေမှု လုပ်ငန်းစဉ်တွေ ၊ Delivery လုပ်ငန်းစဉ်တွေ နဲ့ပတ်သတ်ပြီး ရောင်းသူနဲ့ ဝယ်သူကြား တိုက်ရိုက်ပြောစရာ မလိုဘဲ အချိန်တိုင်း ဝယ်ယူမှု ပြုလုပ်နိုင်နေမှာ ဖြစ်ပါတယ်။

 

ဒီလို ကွာခြားချက်တွေ ရှိနေပေမယ့်လည်း Bain & Co. က ကောက်နှုတ်ဖော်ပြထားတဲ့ ပုံ (၂) ကို ကြည့်မယ်ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ Ecommerce ကနေ ရောင်းရတဲ့ ဝင်ငွေပမာဏ ရဲ့ 49 % လောက်က Social Commerce ကနေ ရရှိတယ် ဆိုတာ သိနိုင်ပါတယ်။ လူဦးရေ များပြားတဲ့ India မှာ ဆိုရင် Ecommerce ကဝင်ငွေရဲ့ 4 ပုံ ၁ ပုံ ဟာ Social Commerce က ရောင်းနေရတာ ဖြစ်ပါတယ်။ Malaysia , Thai , Philippines နဲ့ Vietnam ကို ကြည့်မယ်ဆိုရင် E Commerce ဝင်ငွေရဲ့ တစ်ဝက်ကျော်ဟာ Social Commerce က ရရှိနေတာ မြင်နိုင်ပါတယ်။ 💵💵

 

ဒါကို ကြည့်ခြင်းအားဖြင့် Social Media အသုံးပြုသူတွေကို အားပြုပြီး ရောင်းဝယ်မှု ပြုလုပ်နေတဲ့ Social Commerce မှာ Ecommerce Platform တစ်ခုလို အပြည့်အ၀ အလုပ်လုပ်ပုံတွေ မပါဝင်ပေမယ့် Ecommerce Industry ကို ဘယ်လောက်ထိ အကျိုးပြုနေတယ်ဆိုတာကို သိရှိနိုင်ပါတယ်။

 

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM-Digital-Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။

 

 

 

 

E-commerce

3 min

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္...

Knowledge

4 min

Cross -Border-E-Commerce ဆိုတာ ကိုယ့်ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နိုင်တာ မဟုတ်ဘဲ နိုင်ငံတကာကနေ အရောင်းအဝယ်ပြုလုပ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address