ဒါဟာ ဝယ်သူတွေ ကိုယ့်ရဲ့ Ecommerce Store မှာဝယ်ဖြစ်စေဖို့ အရေးပါပါတယ်။ ကိုယ့်ရဲ့ Ecommerce ကို ဝင်လာတဲ့ ဝယ်သူအနေနဲ့ ကြည့်လိုက်တာနဲ့ ဒါက ဘယ်လို လုပ်လို့ရမယ် ၊ ဒီ Button တစ်ခုကို နှိပ်တာနဲ့ ဘာဖြစ်သွားမယ်ဆိုတာမျိုးကို တန်းပြီးသိနိုင်လောက်တဲ့ထိ User Friendly ဖြစ်မယ့် UI/UX နဲ့တည်ဆောက်ထားတဲ့ Ecommerce Store တစ်ခု ဖြစ်နေဖို့ လိုအပ်ပါတယ်
User Friendly ဖြစ်တဲ့ Ecommerce Store တစ်ခု ဖြစ်နေမှသာ ဝယ်သူအနေနဲ့ လိုချင်တဲ့ ပစ္စည်းတွေကို အလွယ်တကူ တွေ့နိုင်မယ် ၊ ဝယ်မယ့် ပစ္စည်းတွေကို အလွယ်တကူ Shopping Cart ထဲ ထည့်နိုင်မယ် ၊ Checkout Process တွေကို မြန်မြန်ဆန်ဆန် လုပ်နိုင်မယ်ဆိုရင် သူတို့အတွက် အချိန်ကုန်သက်သာနိင်စေ သလို ၊ ဝယ်ယူမှုတစ်လျှောက်လုံးအတွက် ပြုလုပ်ရတဲ့ Order Process တွေ ၊ Checkout Process တွေအတွက် စိတ်ကျေနပ်မှု အပြည့်အ၀လည်း ရရှိနိုင်မှာပဲဖြစ်ပါတယ်။
Digi-Zaay Ecommerce Enabler Solution မှာဆိုရင် ဝယ်သူတွေကို ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ Built-In Feature တွေ စုံစုံလင်လင်ပါဝင်တဲ့ အပြင် User Friendly ဖြစ်တဲ့ UI / UX တွေနဲ့ တည်ဆောက်ထားတဲ့ Order Process တွေ ၊ စိတ်ချလွယ်ကူတဲ့ ငွေပေးချေမှုအပိုင်းတွေ နဲ့ မြန်ဆန်တဲ့ Checkout စနစ်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် ဝယ်သူအနေနဲ့ မှာယူထားတဲ့ အော်ဒါတစ်ခုချင်းစီရဲ့ Purchase History တွေကိုသိရှိနိုင်သလို ရှေ့မှာ ဝယ်ယူခဲ့တဲ့ အော်ဒါအတိုင်း ပြန်လည်မှာယူလို တဲ့အခါမှာလည်း Button တစ်ခုကို နှိပ်လိုက်ရုံနဲ့ ပြန်လည် မှာယူနိုင်တာကြောင့် ဝယ်သူအတွက် အသုံးပြုရ လွယ်ကူပြီး အကောင်းဆုံး Performance တွေပေးနိုင်တဲ့ Ecommerce Store တစ်ခု ဖြစ်လာစေမှာ အသေအချာပဲ ဖြစ်ပါတယ်
Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။