(12) ဖောက်သည်တွေဆီကို အမြဲဆက်သွယ်မှု ပြုလုပ်ပါ။

E-commerce

3 min

ကိုယ့်ရဲ့ Ecommerce Store မှာ ပုံမှန်ဝယ်နေကျ ဖောက်သည်တွေ လိုချင်တယ်ဆိုရင် ဝယ်သူတွေနဲ့ ကောင်းမွန်တဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘက်က ဝယ်သူတွေဆီကို ကုန်ပစ္စည်းအကြောင်း Reach Out မလုပ်ဘဲ ဝယ်သူတွေဟာ ကိုယ့်ဆီကနေ အမြဲတမ်းဝယ်နေဖို့ မျှော်လင့်ထားလို့မရပါဘူး။ဒါကြောင့် ကိုယ့် Ecommerce Store မှာ ဘာပစ္စည်း တွေအသစ်ရောက်တယ် ၊ ဘယ်လို Discount Promotion တွေရှိတယ်ဆိုတာကို အမြဲအသိပေးနိုင်ဖို့ လိုအပ်ပါတယ်။


ဒီလိုကုန်ပစ္စည်း အသစ်ရောက်ကြောင်း မိတ်ဆက်တွေ ၊ Discount Promotion တွေအကြောင်း ကို အဆက်မပြတ် အသိပေးနိုင်မှသာ ကိုယ့်ဆိုင်ရဲ့ Up to Date ပစ္စည်းတွေကို ဝယ်သူတွေ အမြဲတွေ့နိုင်မယ် ၊ အမြဲတွေ့နေရာကနေ အများအပြား ဝယ်ဖြစ်လာကြမယ်။ ဒါ့အပြင် ဝယ်သူမေးတဲ့ ကုန်ပစ္စည်းတွေအ ကြောင်း၊ Complain တွေအကြောင်း၊ Service တွေအကြောင်းကို အချိန်နဲ့ တစ်ပြေးညီ အမြဲတမ်း Reply ပြန်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ Brand နဲ့ Customer ကြား အပြန်အလှန်ဆက်ဆံရေး ကောင်းမွန်လာပြီး ကိုယ့်ရဲ့ ဝယ်သူတွေကို ရေရှည်ထိန်းသိမ်း ထားနိုင်မှာ ဖြစ်ပါတယ်။


Digi-Zaay Ecommerce Enabler Solution မှာဆိုရင် ဆိုင်ရဲ့ ကုန်ပစ္စည်း အသစ်ရောက်ကြောင်း မိတ်ဆက်တွေ ၊ Discount Promotion တွေအကြောင်း ကို အဆက်မပြတ် အသိပေးနိုင်မယ့် အလုပ်လုပ်ပုံတွေ ၊ ကုန်ပစ္စည်းနဲ့ ပက်သတ်ပြီး ဝယ်သူရဲ့ အကြံပေးချက်တွေကို သိနိုင်မယ့် Reviews Section နဲ့ ဝယ်သူတစ်ယောက်ချင်းစီတိုင်းရဲ့ Latest Order Date & Time တို့ပါ သိနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ဝယ်သူတစ်ယောက်ချင်းစီရဲ့ အချက်အလက်တွေကို သိနိုင်တာကြောင့် မှာယူမှု နည်းပါသွားတဲ့ ဝယ်သူတွေကို အမြဲ Communicate ပြုလုပ်ပေးပြီး ကုန်ပစ္စည်းတွေ မိတ်ဆက်ပေးနိုင်တာကြောင့် ဖောက်သည် အဟောင်းတွေကိုလည်း ရေရှည်ထိန်းသိမ်းထားနိုင်မယ့် အပြင် ဝယ်သူအသစ်တွေပါ ကိုယ့်ဆိုင်ကို ရောက်လာဖို့ ဆွဲဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။


Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။

E-commerce

3 min

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္...

Knowledge

4 min

Cross -Border-E-Commerce ဆိုတာ ကိုယ့်ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နိုင်တာ မဟုတ်ဘဲ နိုင်ငံတကာကနေ အရောင်းအဝယ်ပြုလုပ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address