ပုံမှန်သမရိုးကျ ရောင်းဝယ်နေတဲ့ Live Sale တစ်ခုမှာဆိုရင် ရောင်းချသူတွေဟာ ဟိုဟာမန့်ပါ ဒီဟာမန့်ပါ ဆိုပြီး အော်ဒါ တင်ခိုင်းကြတယ် ၊ အော်ဒါတင်ပြီးတဲ့အခါမှာလည်း Chat Box ကိုလာဖို့ ဖုန်းနံပါတ်နဲ့ လိပ်စာ ပို့ပေးဖို့တွေ ပြောနေရတယ် .. ငွေလွှဲပေးဖို့တွေ ခဏခဏ ပြန် Remind လုပ်ကြရတယ် .. ပြီးရင် ဘယ် Customer တွေက ဘယ် ပစ္စည်းဝယ်တယ် ဆိုတာတွေကို အမြဲတမ်း တစ်ခုမဟုတ် တစ်ခု မှားမှား မှတ်မိတတ်ကြတယ် .. ဒါက Live Sale ရောင်းချသူတွေ ကြုံနေရကျ ခေါင်းကိုက်စရာတွေပါပဲ 🤷 ..
Digi-Zaay ကို အသုံးပြုပြီး ကိုယ်ပိုင် E-Commerce App ကနေ Live Sale ရောင်းချခြင်း ဖြေရှင်းနိုင်ပြီ ဖြစ်ပါတယ် .. 💯💯💯
ရောင်းချသူတွေအတွက် ရရှိနိုင်မဲ့ အကျိုးကျေးဇူးတွေက ❗
✅ ပုံမှန်ဖောက်သည်တွေအတွက် ကိုယ့်ရဲ့ Live Sale ကို ကိုယ်ပိုင် Mobile App ကနေ Join စေနိုင်မယ် ..
✅ ကိုယ်ပိုင် Mobile App က Join မဲ့ ဖောက်သည်တွေက ခလုတ်တချက်နှိပ်လိုက်ရုံနဲ့ လက်ရှိပြနေတဲ့ Product ကို Order တင်ပြီးသား ဖြစ်သွားမယ် ..
✅ ဝယ်တဲ့လူတွေကို Chat Box လာခိုင်းပြီး ဖုန်းနံပါတ်တွေ၊ လိပ်စာတွေလဲ တောင်းနေစရာ မလိုတော့ပါဘူး .. ပိုက်ဆံလွှဲပေးဖို့လဲ ခဏခဏ Remind လုပ်နေဖို့ မလိုတော့ဘူး ..
✅ ဝယ်သူတွေရဲ့ လူနာမည် မှားမှတ်မိတာတွေ ၊ ယူမဲ့ပစ္စည်းတွေ မှားမှတ်မိတာတွေလည်း လုံးဝ ရှိနိုင်မှာ မဟုတ်တော့ပါဘူး
✅ ဝယ်သူတစ်ယောက်ချင်းစီက မှာယူထားတဲ့ အော်ဒါတွေကိုလည်း စာရွက်ပေါ်မှာ ချရေးပြီး လိုက်မှတ်ထားစရာမလိုတော့ပါဘူး
✅ Live Sale တစ်ခုလုံးမှာ ရောင်းခဲ့ရတဲ့ ပစ္စည်းအရေအတွက် နဲ့ ရောင်းရတဲ့ တန်ဖိုးတွေကို ကိုယ်တိုင် တွက်ချက်နေစရာ မလိုဘဲ တိကျ မှန်ကန်စွာ သိနိုင်မှာ ဖြစ်ပါတယ်
✅ Live Sale မှာပြသပြီးတဲ့ ပစ္စည်းတွေကို ထပ်မံ ပြန်သပေးဖို့ တောင်းဆိုတဲ့ ဝယ်သူတွေရဲ့ Comment တွေကို ကျော်သွားလို့ ပြန်မပြဖြစ် လိုက်တာမျိုးလည်း လုံး၀ ရှိလာမှာ မဟုတ်တော့ပါဘူး
✅ ဒီ Live Sale ကိုပဲ ကိုယ်ပိုင် Facebook Page မှာ တပြိုက်နက် Live လွှင့်ပြီး ရောင်းချနေနိုင်ဦးမယ် ..
🤝🤝🤝
စိတ်ဝင်စားတဲ့ ဆိုင်ရှင် တွေအနေနဲ့ March လအတွင်းမှာ Sign Up ပြုလုပ်မယ်ဆိုရင်တော့ ကိုယ်ပိုင် Mobile Application ကနေ Live Sale ပြုလုပ်ရောင်းချနိုင်မယ့်အပြင် Digi-Zaay Ecommerce Enabler Solutions က တည်ဆောက်ပေးမယ့် ကိုယ်ပိုင် Brand နဲ့ Full Stack Ecommerce တစ်ခုလုံးကိုပါ လစဉ်ကြေး 200,000( ၂ သိန်း ) ကျပ်တည်းနဲ့ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။