Product Page တွေကို ဂရုစိုက်ပါ။

Knowledge

12 min

E-Commerce Website တွေမှာ ကုန်ပစ္စည်းတွေကို ပြသတဲ့ Page တွေဟာ အရေးကြီးလှပါတယ်။ ဝယ်သူတွေဟာ သူတို့ဝယ်လိုတဲ့ပစ္စည်းတွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မမြင်ရရင်ပဲ ဖြစ်ဖြစ်၊ ပစ္စည်းတွေကို ဝယ်ယူချင်စရာကောင်းအောင် ဆွဲဆောင်မှုရှိရှိ မပြသပေးထားရင်ပဲဖြစ်ဖြစ် “ဝယ်သူတွေ ပစ္စည်းမှာဖြစ်ဖို့” ဆိုတဲ့အချက်ကို ထိခိုက်စေပါတယ်။

 

ဒါ့အပြင် Product Page တွေမှာ လိုအပ်တဲ့ Information တွေ ပြည့်ပြည့်စုံစုံ ပါဝင်ဖို့လည်း လိုအပ်ပါတယ်။ အဝတ်အထည်ပစ္စည်းတွေဆိုရင် Size တွေ Color တွေနဲ့ အတိုင်းအတာတွေဟာ မဖြစ်မနေ ပါဝင်သင့်သလို Cosmetic ပစ္စည်းတွေဆိုရင်လည်း ပါဝင်ပစ္စည်းတွေ၊ Expiry Date တွေနဲ့ Instruction တွေ ပြည့်ပြည့်စုံစုံ ပြပေးထားဖို့ လိုအပ်ပါတယ်။

 

Product Page တွေမှာ နောက်ထပ်အရေးကြီးတဲ့တချက်ကတော့ ကုန်ပစ္စည်းရဲ့ High Quality Image တွေပဲ ဖြစ်ပါတယ်။ ဒါဟာ ဝယ်သူတွေကို မြင်လိုက်တာနဲ့ ဝယ်ချင်လာအောင် ဆွဲဆောင်နိုင်တဲ့ အဓိကအချက်လည်း ဖြစ်ပါတယ်။

 

Product Page တွေရဲ့ UI/UX User-Friendly ဖြစ်မှုအပိုင်းတွေ၊ Check-Out Process ကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်မှုအပိုင်းတွေကလည်း E-Commerce Website တွေမှာ သတိထားသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

 

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Digi-Zaay Enabler ကို အသေးစိတ် သိရှိနိုင်ဖို့ (https://digi-zaay.com.mm) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်..

 

#digizaay #ecommerce

E-commerce

3 min

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္...

Knowledge

4 min

Cross -Border-E-Commerce ဆိုတာ ကိုယ့်ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နိုင်တာ မဟုတ်ဘဲ နိုင်ငံတကာကနေ အရောင်းအဝယ်ပြုလုပ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address