တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းနဲ့အတူ စီးပွားရေးလုပ်ငန်းအများစုဟာ Internetကနေ၊ Social Media တွေကနေတဆင့် ရောင်းဝယ်ကြတာကို တွေ့ရပါတယ် ။ ဒါ့အပြင် တစ်ချို့ Brand Owner တွေကလည်း ကိုယ်ပိုင် E-Commerce Storefront တွေပါ တည်ဆောက်လာကြတာကို သတိထားမိကြပါလိမ့်မယ် ။ ဥပမာ https://aweretaw.com.mm/ တို့ ၊ UKKLongyi.com တို့ ဆိုပါတော့။
ဒီလို ကိုယ်ပိုင် Brand နဲ့ E-Commerce Storefront တစ်ခု တည်ဆောက်တာဟာ Internet ပေါ်ကနေအရောင်းအဝယ်ပြုလုပ်နိုင်တဲ့ အကျိုးကျေးဇူးအပြင် Brand အတွက်ဘယ်လို အကျိုးကျေးဇူတွေ ထပ်တိုးရရှိစေလဲ ဆိုတာကို တင်ပြပေးသွားပါမယ် ။
E commerce Storefront ဆိုတာ
ပုံမှန် အရောင်းအဝယ် ပြုလုပ်နေတဲ့ ကုန်ပစ္စည်းတွေကို Website တွေ Mobile Application တွေကနေ ဝယ်ယူ / မှာကြားနိုင်ဖို့ ဆိုင်ခွဲအသစ်တစ်ခု ဖွင့်လှစ်သလိုမျိုး စီစဉ်ပေးတာ ဖြစ်ပါတယ်။ ဝယ်သူတွေ အနေနဲ့ Phone နှင့် Internet ရှိနေရုံနဲ့ 24 နာရီ ဝယ်ယူ / မှာကြား နိုင်မှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး E-Commerce Storefront တစ်ခုရှိခြင်းကနေ ရရှိနိုင်တဲ့ Brand အတွက် အားသာချက်တွေကို တင်ပြပေးသွားပါမယ်
- Brand တွေဟာ အင်မတန်ခမ်းနားတဲ့ Supermarket ကြီးတွေ အသစ်ပေါ်လာတိုင်း ဆိုင်လခ အမြောက်အများ အကုန်ခံပြီး ဆိုင်ခွဲတွေ ဖွင့်ကြတယ် ဆိုတာဟာ Sale ထပ်စာရင် Supermarket ရဲ့ ခမ်းနားမှုနဲ့ တွဲပြီး Brand ကို Promote ပြုလုပ်လိုတဲ့ ရည်ရွယ်ချက် ကြောင့်ပဲ ဖြစ်ပါတယ်။ထိုနည်းတူ နည်းပညာအားကောင်းတဲ့ လူငယ်တွေကြားမှာ Ecommerce Store Front ရဲ့ အားသာချက်တွေကို အသုံးပြုပြီး Brand ကို Promote ပြုလုပ်ခြင်းက Brand အတွက် Impressionကောင်းကောင်း ရရှိနိုင်သလို ၊ လူငယ်တွေကြားမှာ ရေပန်းစားတဲ့ Brand တစ်ခုအဖြစ် နေရာရလာစေပါတယ်။
- မိမိရဲ့ ကိုယ်ပိုင် Ecommerce Store Front တစ်ခုကနေ Branded ကုန်ပစ္စည်းတွေကို ဝယ်ယူနိုင်စေတယ် ဆိုတာကလဲ မိမိ Brand ဟာဘယ်လောက်လောက်အထိ ဆန်းသစ် ခေတ်မှီတယ် ဆိုတာကို ဖော်ပြထားပြီးသား ဖြစ်စေပါတယ် ။
- အပြိုင်အဆိုင် ဖြစ်နေတဲ့ စီးပွားရေးနယ်ပယ်မှာ သာမန် Online Business တွေနဲ့မတူပဲ Ecommerce Store Front တစ်ခုပါ ရှိနေတာက မိမိရဲ့ Brand ကို Customerတွေပိုမို သတိထားမိ လာစေပါတယ်။
- အများနည်းတူ Marketing Campaign ပြုလုပ်ရာမှာ Ecommerce Store Front ရှိနေခြင်းက Customerတွေကို ထိထိရောက်ရောက် Marketing ပြုလုပ်နိုင်ခြင်း အပြင် ကိုယ်ရဲ့ Brand Image ကိုပါ ပိုကောင်းစေပါတယ်။
- Brand ရဲ့ရောင်းအား တိုးတက်စေဖို့အတွက် ဆိုင်ခွဲတွေ ဖွင့်လှစ်ခြင်းက ဆိုင်ရှိရာ နေရာဒေသမှာသာ ရောင်းအားတက်လာစေမှာဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ Brand ကိုလူသိများစေဖို့ ၊ ရောင်းအားတက်လာစေဖို့အတွက် ငွေကြေးအများအပြား အကုန်ကျခံပြီး ဆိုင်ခွဲတွေ ဖွင့်လှစ်ခြင်းထက် သေသပ်တဲ့ E-Commerce Storefront တစ်ခုရှိနေခြင်းက ထိုနေရာက က Potential Customer တွေသာမကပဲ အနယ်နယ်အရပ်ရပ်က Potential Customer တွေကိုပါ ထပ်တိုးရရှိလာစေနိုင်တဲ့အပြင် International အထိပါ ထိုးဖောက် အောင်မြင်မှု ရရှိစေမှာ ဖြစ်ပါတယ်။