ကိုယ့်အရောင်းအဝယ်လုပ်ငန်းအတွက် E-Commerce Store Front တစ်ခုပြုလုပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေ...

Knowledge

10 min

ပုံမှန်လုပ်ငန်းအသစ်တစ်ခု စတင်သလိုပဲ မိမိလုပ်ငန်းအတွက် E-Commerce System တစ်ခု စတင်ဖို့ဆိုတာလည်း ထင်သလောက်တော့ မလွယ်ကူလှပါဘူး။ ဒါကြောင့် E-Commerce System ဆိုတာနဲ့ ပတ်သတ်ပြီး လေ့လာကြည့်ပါမယ်။

 

E-Commerce System ဆိုတာ ဘာလဲ ??

E-Commerce ဆိုတာ အွန်လိုင်းကနေတဆင့် ကုန်ပစ္စည်းတွေ၊ Service တွေကို အရောင်းအဝယ်ပြုလုပ်ပြီး ငွေပေးချေနိုင်ခြင်း ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေဟာ ဝယ်သူတွေအနေနဲ့ မိမိတို့ရဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် Service တွေကို 24 hr ဝယ်ယူနိုင်ဖို့ လုပ်ငန်းအတွက် E-Commerce Website, Mobile Application, Chatbot စတာတွေကို set up ပြုလုပ်ထားခြင်းပဲ ဖြစ်ပါတယ်။ 

 

ဒီလို ကိုယ့်ရဲ့လုပ်ငန်းအတွက် E-Commerce System တစ်ခု စတင်အကောင်အထည်မဖော်ခင် သိထားသင့်တဲ့အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

  1. Improve Product Pages

E-Commerce Website တွေမှာ ကိုယ့်ရဲ့ Product တွေကို ပြပေးတဲ့ Page တွေရဲ့ Information ပြည့်စုံမှု၊ Checkout Process လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်မှု၊ ဝယ်ယူတွေ သိလိုတဲ့အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားမှု စတဲ့အချက်တွေက Customer တွေ မိမိရဲ့ ကုန်ပစ္စည်း ဝယ်ယူဖြစ်စေဖို့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

 

မိမိကုန်ပစ္စည်းရဲ့ High Quality Image တွေဟာ Customer တွေကို ဝယ်ဖြစ်ဖို့ ဆွဲဆောင်နိုင်ပါတယ်။

 

Check Out Process တွေဟာ လွယ်ကူရိုးရှင်းဖို့လိုသလို Review & Rating တွေကလည်း Customer တွေရဲ့ ယုံကြည်မှုကို ရရှိဖို့ အထောက်အပံ့ဖြစ်စေပါတယ်။

 

  1. Increase Interactivity

ဝယ်သူတွေဟာ ကိုယ့်ရဲ့ကုန်ပစ္စည်းနဲ့ပတ်သတ်ပြီး သိလိုတာတွေရှိတဲ့အခါ ချက်ချင်းသိရှိနိုင်ဖို့က အရေးကြီးပါတယ်။ မေးလိုက်ပြီး Reply ပြန်မရတဲ့ Conversation မျိုးဟာ ဝယ်သူကို စိတ်ပျက်စေပါတယ်။ E-Commerce Website တွေက Customer တွေ interactive ပြုလုပ်နိုင်တဲ့ Calculator, Quizzes, Chatbots စတာတွေဟာ Customer ရဲ့ engagement ကို ရရှိနိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။

 

ဒီလို Interactive Content တွေရှိခြင်းအားဖြင့် Customer တွေရဲ့ လိုအပ်ချက်တွေ၊ အမြင်တွေ၊ အကြိုက်တွေကို ပိုမိုသိရှိနိုင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်တာက နှစ်ဉီးနှစ်ဖက်လုံးအတွက် Win Win Situation ဖြစ်ပါတယ်။ 

 

  1. Optimize For Mobile

ဝယ်သူတွေဟာ ကိုယ့်ရဲ့ E-Commerce Website ကို iPad, Tablet ဒါမှမဟုတ် Screen Size မျိုးစုံဖြစ်နိုင်တဲ့ Mobile Device တွေနဲ့ ကြည့်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ E-Commerce Website ဟာ ဘယ်လို Mobile Device မျိုးနဲ့ဖြစ်စေ မှန်မှန်ကန်ကန်၊ ကောင်းကောင်းမွန်မွန် အလုပ်လုပ်မှသာ ဝယ်သူတွေအတွက် ကောင်းမွန်တဲ့ Experience ကို ရစေမှာဖြစ်ပါတယ်။ ကုန်ပစ္စည်းကို ကြည့်ရှုဖို့ scroll ဆွဲနေရတာ၊ Check out လုပ်ဖို့ button လိုက်ရှာနေရတာ ဘယ်သူကမှ မနှစ်သက်ပါဘူး။

 

တကယ်လို့ ဝယ်သူတွေဟာ သူတို့ရဲ့ Mobile Device တွေမှာ ကိုယ့်ရဲ့ E-Commerce Website ကို ကောင်းကောင်းမွန်မွန် အသုံးမပြုနိုင်ဘူးဆိုရင် ဒါကိုအဆင်ပြေလာဖို့ compalint လာတက်ဖို့ထက် ပိုအဆင်ပြေတဲ့ Store တစ်ခုခုကိုပဲ အသုံးပြုလိုက်ကြမှာဖြစ်ပါတယ်။



  1. Drive More Sign-Ups

ကိုယ့် Store မှာ ဖောက်သည်တွေများများရရှိလာဖို့ဆိုတဲ့အချက်မှာ ဝယ်သူတွေ ကိုယ့်ရဲ့ E-Commerce Website မှာ များများ Sign Up ပြုလုပ်လာဖို့လည်း လိုအပ်ပါတယ်။ တကယ်လို့ Trial မှာ Sign Up ပြုလုပ်ဖို့ Payment Information ဖြည့်ဖို့မလိုဘူးဆိုရင် user တွေအတွက် Sign Up ပြုလုပ်ဖို့ Chance ပိုများနိုင်ပါတယ်။ 



  1. Measure Key Metrics For Continuous Optimization

E-Commerce System တွေအတွက် အရေးပါတဲ့ Key Matrics တွေကတော့ Average Order Value, Number of Items Purchased, Number of Transaction by Each Customer, Conversation Rates on Various Steps နဲ့ Carts Abandonment Rates တို့ပဲ ဖြစ်ပါတယ်။ 

 

ဒီ Key Matrics တွေကို ခွဲခြမ်းစိတ်ဖြာပြီး Customer Segment, Market, Product Line စတာတွေကို သတ်မှတ်နိုင်ပါမယ်။ Key Matrics တစ်ခုချင်းစီကိုလေ့လာပြီး System မှာရှိတဲ့ လိုအပ်တာတွေကို ပြုပြင်ပြောင်းလဲပြီး ပြောင်းလဲလာတဲ့အပေါ်းမှာ Key Matrics တွေနဲ့ ချိန်ထိုး Observe ပြုလုပ်နိုင်ပါတယ်။

 

  1. Have a Strong Social Media Presence.

ကိုယ့်ရဲ့လုပ်ငန်းက Online ဖြစ်သောကြောင့် Customer တွေ အသုံးပြုအများဆုံး Site တွေမှာ Engagement ရဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ Targeted Customer တွေက သက်လတ်ပိုင်းနဲ့ ၁၉၉၆ နောက်ပိုင်းမွေးတဲ့ Generationi Z တွေဖြစ်မယ်ဆိုရင် သူတို့အသုံးပြုအများဆုံး Social Media တွေမှာ ကိုယ့်လုပ်ငန်းရှိနေဖို့ အရေးကြီးပါတယ်။ 

 

Social Media မှာ ကိုယ့်ရဲ့လုပ်ငန်းကို သေသေချာချာ present လုပ်နိုင်/မလုပ်နိုင်ခြင်းဟာ Customer တွေရဲ့ စိတ်ဝင်စားမှုနဲ့ အသုံးပြုလာမှုအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ ဒီလို Social Media တွေကနေတဆင့် သင့်ရဲ့ဝယ်သူတွေကို အချိန်နဲ့တပြေးညီ service ပေးနိုင်ပါတယ်။ 

 

Social Media ကနေ Mention တွေ၊ Hashtags တွေနဲ့ Direct Post တွေကနေတဆင့် Audience Base ကို စောင့်ကြည့်နိုင်ပါတယ်။ Customer တွေ သိလိုတဲ့မေးခွန်းတွေ၊ သူတို့ရဲ့အထင်အမြင်တွေ ကိုပြန်ပြောပေးခြင်းဖြင့် လုပ်ငန်းရဲ့ Branding ကို Customer တွေ ယုံကြည်လာပါတယ်။

 

  1. Offer A Rewards Program.

Rewards Program တွေဟာ တယ်သူတွေကို ကိုယ့်ရဲ့ကုန်ပစ္စည်းကိုပဲ ထပ်တလဲလဲဝယ်ယူစေဖို့ အချက်တွေထဲက တစ်ချက်ပဲ ဖြစ်ပါတယ်။ Rewards Program တွေမှာ သုံးလေ့ရှိတဲ့ Star တွေ၊ Point တွေနဲ့ Customer Level တွေဟာ ဝယ်သူတွေကို ကုန်ပစ္စည်းကို အသုံးပြုရာမှာ Exicted ဖြစ်စေပါတယ်။ ဉပမာ - နောက်ထပ် Order ၃ ကြိမ်ပြုလုပ်ပါက Free ပစ္စည်း တစ်ခုရရှိမယ် စတဲ့ပုံစံမျိုးတွေ ဖြစ်ပါတယ်။ 

 

Rewards Program တွေဟာ ဝယ်သူတွေကို အွန်လိုင်း Community တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ခံစားရစေပါတယ်။ ဒီ Community ထဲမှာပဲ Rewards Point တွေ အချင်းချင်း မျှဝေမယ် Level တွေ တွက်ကြည့်မယ် စတာတွေဟာ ဝယ်သူတွေအချင်းချင်း ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု ဖြစ်ပေါ်စေပါတယ်။

 

ဝယ်သူတွေဟာ သူတို့ Point တွေ ဘယ်လိုရတယ် Level တွေ ဘယ်လိုတက်လာတာ စတာတွေကို အခြားသူတွေနဲ့ Sharing လုပ်နိုင်မှာ ဖြစ်ပါတယ်။

 

  1. Personalize The Experience.

E-Commerce System တွေဟာ ဝယ်သူတစ်ယောက်ချင်းစီရဲ့ ကုန်ပစ္စည်း မှာယူမှုအချက်အလက် တွေကို သိမ်းဆည်းထားနိုင်ပါတယ်။ အဲဒိအချက်အလက်တွေကို အခြေခံပြီး ဝယ်သူတွေအတွက် သူတို့စိတ်ဝင်စား၊ နှစ်သက်၊ ဝယ်ယူနိုင်လောက်တဲ့ ကုန်ပစ္စည်းတွေကိုပဲ ဝယ်သူတစ်ယောက်ချင်းစီ အပေါ်မူတည်ပြီး ပြသပေးနိုင်ပါတယ်။ ဆိုတော့ သူတို့ကြိုက်တာ များများတွေ့၊ များများ ပိုဝယ်ဖြစ်တဲ့ သဘောပါပဲ။

 

E-Commerce Website အများစုမှာ တွေ့ရလေ့ရှိတဲ့ Recommended For You တို့ Just For You တို့ဆိုတာ ဒီအတွက်ပဲဖြစ်ပါတယ်။

 

  1. Maintain A Consistent, Signature Brand Look.

E-Commerce Brand တစ်ခုအနေနဲ့ ကိုယ့်လုပ်ငန်းရဲ့ Brand, Logo, Theme Color စတာတွေဟာ ကိုယ့်ရဲ့ကုန်ပစ္စည်းကို အများကြီး represent ဖြစ်စေပါတယ်။ ဒါတွေဟာ Cosmetic Brand တစ်ခုရဲ့ logo, theme color, branding ဟာ ဘယ်လိုပုံစံ ဖြစ်သင့်တယ်။ အဝတ်အထည် ကုန်ပစ္စည်းရဲ့ brand look က ဘယ်လိုပုံစံ ဖြစ်သင့်တယ် စတာတွေပဲ ဖြစ်ပါတယ်။ သင့်ရဲ့ Brand Look ပေါ်မူတည်ပြီးတော့ Customer တွေဟာ သူတို့ ဘယ်လို ကုန်ပစ္စည်းကို ဝယ်ယူနေတယ်ဆိုတဲ့ Feeling ကို ခံစားရစေဖို့ လိုအပ်ပါတယ်။

 

  1. Offer More Delivery And Return Options.

ဝယ်သူတွေဟာ ကုန်ပစ္စည်းဝယ်ယူရမှုအပေါ်မှာ စိတ်ကျေနပ်မှုရရှိဖို့ လိုအပ်သလို သက်တောင့်သက်သာလည်း ဖြစ်လိုကြပါတယ်။ သူတို့ဟာ အွန်လိုင်းကနေတဆင့် ဈေးဝယ်ရတာကို တတ်နိုင်သမျှ လွယ်လွယ်ကူကူ ဖြစ်ချင်ကြတယ်။ ဒါကြောင့်လည်း အပြင်မှာ ထွက်ဝယ်တာထက် အွန်လိုင်းကို ရွေးချယ်ခြင်းဖြစ်တယ်။ 

 

Delivery နဲ့ Return Option တွေကို များများပေးနိုင်ခြင်းနဲ့ Check Out Process ကို အရိုးရှင်းဆုံး နဲ့ အလွယ်ကူဆုံး ဖြစ်ခြင်းဟာ ဝယ်သူတွေကို အရေးပါပါတယ်။ ဝယ်နေကျ စိတ်ရှည်တဲ့ ဖောက်သည်တွေကို ပုံမှန်ပို့ဆောင်မှုကို ရွေးချယ်နိုင်မယ်။ ချက်ချင်းလိုချင်တဲ့ ဝယ်သူတွေအတွက် နေ့ချင်းပို့စနစ်ရှိမယ်။ မှာပြီးမှ စိတ်ပြောင်းသွားတဲ့ Customer တွေအတွက် အခမဲ့ ပြန်အမ်းပေးနိုင်မယ်။ ဝယ်သူအမျိုးအစားတိုင်းအတွက် ရွေးချယ်စရာတွေရှိခြင်းဟာ ကိုယ့် E-Commerce ရဲ့ ဝယ်သူတွေ ပိုအသုံးပြုဖြစ်ဖို့ အားသာချက်ပဲ ဖြစ်ပါတယ်။

 

  1. Give Customers A Reason to Create an Account.

ကိုယ့်ရဲ့ E-Commerce Website မှာ Customer တွေ Account လာဖွင့်ဖို့ကလည်း ဝယ်သူတွေကို ထိန်းသိမ်းထားနိုင်ဖို့ အရေးကြီးတဲ့အချက်တွေထဲက တစ်ချက်ပါပဲ။ Account ဖွင့်လိုက်တယ်ဆိုတာနဲ့ ဒီလို နောက်ထပ်ပြန်လာလာသုံးဖို့ chance ပိုများစေပါတယ်။ ဝယ်သူတွေဟာ Account ဖွင့်လိုက်ခြင်းဖြင့် ကုန်ပစ္စည်းနဲ့သက်ဆိုင်တဲ့ rewards တွေ reminder တွေ email တွေရရှိဖို့ လက်ခံလိုက်တဲ့ သဘောပါပဲ။ 

 

Account ဖွင့်လိုက်ခြင်းဟာ ဝယ်သူတွေဟာ ကိုယ့်ရဲ့ Brand နဲ့ ကိုယ်တည်ဆောက်လိုတဲ့ Relationship တစ်ခု တည်ဆောက်လိုက်တဲ့ပုံစံပါပဲ။ ဒါကြောင့် ဝယ်သူတွေကို ကိုယ့်ရဲ့ E-Commerce Platform မှာ Account လာဖွင့်ဖြစ်ဖို့ အကြောင်းရင်းလိုအပ်ပါတယ်။ 

 

တချို့ Special Promotion တွေ Discount တွေကို Register User တွေမှ Apply လုပ်နိုင်တာမျိုး၊ ကုန်ပစ္စည်းအသစ်တွေကို Regsitered User တွေမှ မှာလို့ရတာမျိုး စတာတွေနဲ့ ဝယ်သူအသစ်တွေကို Account Sign Up ပြုလုပ်လာဖို့ ဆွဲဆောင်နိုင်ပါတယ်။

 

Guest အနေနဲ့ Check Out ပေးလုပ်တာ၊ Sign up လုပ်ရတဲ့ Process ကို အရိုးရှင်း၊ အလွယ်ကူဆုံးဖြစ်အောင် လုပ်ပေးထားတာတွေဟာ Customer တွေ Sign Up များများ လုပ်လာစေဖို့ အချက်တွေပါပဲ။ 

 

  1. Educate Your Customers About Your Product

ကိုယ့်ဆီမှာ အခုမှ ပထမဆုံးလာဝယ်ဖူးတဲ့ ဝယ်သူတွေအနေနဲ့ ကိုယ့်ရဲ့ကုန်ပစ္စည်းနဲ့ပတ်သတ်ပြီး များများစားစား မသိသေးတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မိတ်ဆွေဟာ ဈေးကွက်ထဲမှာ ကုန်ပစ္စည်းအသစ်ကို စတင်ချင်တယ်ဆိုရင် ပထမဆုံးလုပ်ရမှာက ဝယ်သူတွေကို မိတ်ဆွေရဲ့ ကုန်ပစ္စည်းအကြောင်းကို သေသေချာချာ သိလာစေဖို့ပဲ ဖြစ်ပါတယ်။

 

ကိုယ့်ရဲ့ E-Commerce Website မှာ ကုန်ပစ္စည်းအသစ်ရဲ့အကြောင်း၊ အသုံးပြုပုံ၊ အကျိုးကျေးဇူးတွေကို ရှင်းပြပါ။

 

ဝယ်သူတွေဟာ မိတ်ဆွေရဲ့ကုန်ပစ္စည်းအကြောင်းကို သေသေချာချာသိလာလေ ဝယ်ဖြစ်ဖို့နဲ့ ဖောက်သည်ဖြစ်လာဖို့ ပိုနီးစပ်လာပါတယ်။

 

  1. Stay In Touch with Your Customers and Appreciate Their Relationship with Your Brand

တကယ်လို့ မိတ်ဆွေဟာ ပုံမှန်ဝယ်နေကျ ဖောက်သည်တွေ လိုချင်တယ်ဆိုရင် ကိုယ့်ရဲ့ ဝယ်သူတွေနဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်။ 

 

ဉပမာ - ကိုယ့်ဆီကနေ ပုံမှန်ဝယ်နေကျ ဖောက်သည်တစ်ယောက် အချိန်အတော်ကြာ ကိုယ့်ဆီလာမဝယ်တော့ဘူးဆိုရင် ကိုယ့်ဘက်က Follow Up လုပ်ဖို့လိုပါတယ်။ သူတို့ဆီ ကုန်ပစ္စည်း အသစ်တွေရဲ့ မိတ်ဆက်တွေ၊ Discount Promotion တွေအကြောင်း Email ပို့ပေးနိုင်ပါတယ်။ 

 

သင့်ရဲ့ဖောက်သည်တွေက သင့်ဆီကနေ အမြဲတမ်းဝယ်နေဖို့ မမျှော်လင့်ပါနဲ့၊ Social Media ကနေ ကိုယ့်ရဲ့ ဝယ်သူတွေနဲ့ in touch ဖြစ်နေဖို့ ကြိုးစားပါ။

 

ကိုယ့်ဘက်က ဝယ်သူတွေဆီကို Reach Out မလုပ်ဘဲ ဝယ်သူတွေဟာ သင့်ဆီကနေ အမြဲတမ်းဝယ်နေဖို့ မမျှော်လင့်ပါနဲ့။ Social Media ကနေ ကိုယ့်ရဲ့ ဝယ်သူတွေနဲ့ In Touch ဖြစ်နေဖို့ ကြိုးစားပါ။

 

ဝယ်သူတွေမေးတဲ့ ကုန်ပစ္စည်းတွေအကြောင်း၊ Complain တွေအကြောင်း၊ Service တွေအကြောင်းကို အမြဲတမ်း reply ပြန်ပါ။ 

 

ကိုယ့်ရဲ့ Brand နဲ့ Customer ကြား အပြန်အလှန်ဆက်ဆံရေး ကောင်းမွန်ဖို့ သူတို့ဘက်က Feedback တွေကို အမြဲတမ်းဂရုတစိုက်နားထောင်ပြီး လိုအပ်တာတွေကို ပြုပြင်ပြောင်းလဲရပါမယ်။ 

 

Some Tips 

  • Customer တွေဆီကို ကုန်ပစ္စည်းအသစ် မိတ်ဆက်ခြင်း Email တွေပို့ပါ။
  • ကိုယ့်ရဲ့ ကုန်ပစ္စည်းနဲ့ Service တွေအကြောင်း Newsletter တွေကို ပုံမှန်ပို့ပါ။
  • ကုန်ပစ္စည်းနဲ့ပတ်သတ်ပြီး လုပ်တဲ့ Seminar, Workshop တွေကို ဖိတ်ပါ။
  • Social Media ဖြစ်တဲ့ Facebook, Twitter စတာတွေမှာ ဝယ်သူတွေနဲ့ အမြဲစကားပြောပါ။

 

  1. Optimize Your Website For User Experience

ဒါဟာ ဝယ်သူတွေကို မိတ်ဆွေရဲ့ Online Store ကို ကြိုက်နှစ်သက်စေဖို့ အရေးပါပါတယ်။ 

 

ဒါကြောင့်မိတ်ဆွေရဲ့ E-Commerce Website ကို User Friendly ဖြစ်အောင် လုပ်ပါ။ အတိအကျပြောရရင် မိတ်ဆွေရဲ့ Website ဟာ User တွေ လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့ လိုပါတယ်။ 

 

ပြည့်စုံတဲ့ E-commerce Platform တစ်ခုဟာ ဝယ်သူတွေကို ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ Built-In Feature တွေ စုံစုံလင်လင်ပါဝင်ပါတယ်။ 

 

Website ရဲ့ User တွေအဆင်ပြေပြေအသုံးပြုနိုင်ဖို့ နဲ့ UI/UX အပိုင်းတွေအတွက် ကျွမ်းကျင်တဲ့ UI/UX Designer တွေဆီက အကြံဉာဏ်ရယူနိုင်ပါတယ်။

 

UX Designer တွေဟာ Website မှာရှိတဲ့ အလုပ်လုပ်ပုံတွေကို ဝယ်သူတွေ လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ User Interface, User Experience ကောင်းစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

 

Tips

Website ကို လွယ်လွယ်ကူကူ အသုံးပြုနိုင်ခြင်းအားဖြင့် Shopping Cart ထဲကနေ ထွက်သွားတာမျိုး မဖြစ်အောင် Check out process ကို အလွယ်ဆုံး ဖြစ်ပါစေ

Order မှာတဲ့ Process မှာ User ရဲ့ Interaction အနည်းနိုင်ဆုံး ဖြစ်အောင်လုပ်ပါ။ ဉပမာ Order Form ဖြည့်တာမျိုးမှာ ၃ ၄ခုထက်မပိုပါစေနဲ့

Website က Responsive ဖြစ်ဖို့လိုတယ်။ Loading Speed 5 Sec ထက်မကြာသင့်ဘူး။

 

  1. Offer Excellent Customer Support

တကယ်လို့ မိတ်ဆွေဟာ ဝယ်သူတွေကို ထိန်းသိမ်းထားချင်တယ်ဆိုရင် သူတို့လိုအပ်တဲ့ Support တွေကို ပေးဖို့ လိုအပ်ပါတယ်။

 

ဝယ်သူဟာ မိတ်ဆွေရဲ့ Customer Service ကိုတကြိမ်ယုံကြည်မှုရပြီဆိုတာနဲ့ သူတို့ဟာ နောက်အကြိမ်တွေ ပြန်လာပြီး ဝယ်ချင်မှာပါပဲ။ 

 

လုပ်ငန်းတော်တော်များများဟာ Customer Service ညံ့တာကြောင့် ဖောက်သည်တွေကို လက်လွှတ်လိုက်ရတာမျိုးတွေ ရှိပါတယ်။ 

 

ဝယ်သူအများစုဟာ Customer Service ရဲ့ ဆက်ဆံရေးအဆင်မပြေမှုတွေကြောင့် အဲဒိက ကုန်ပစ္စည်းကို ဆက်မဝယ်တော့တာမျိုး ရှိပါတယ်။ 

 

ဝယ်သူအများစုက မိတ်ဆွေရဲ့ အဆင်မပြေတဲ့ Customer Service ကိုစိတ်ရှည်လက်ရှည် စောင့်နေမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ Customer Service က ဝယ်သူတွေ လိုအပ်ချိန်တိုင်း ပေးနိုင်ဖို့ လိုအပ်ပါတယ်။

 

ဝယ်သူတွေဟာ ကိုယ့် Brand ရဲ့အရည်အသွေးကို သူတို့ကို ဘယ်လောက်မြန်မြန် Reply ပြန်နိုင်လဲဆိုတာနဲ့ ဆုံးဖြတ်တတ်ကြတယ်ဆိုတာကို သတိပြုပါ။ ကိုယ့်လုပ်ငန်းကို Customer Support Strategy ကို Multi Channel ထားပါ။ ဝယ်သူတွေကို အမြဲတစေ အကူအညီပေးနိုင်ဖို့ Setup ပြုလုပ်ထားပါ။

 

Tips

  • ဝယ်သူတွေဆီမှာ သိလိုတာတွေရှိတဲ့အခါ Service ပေးနိုင်ဖို့ Customer Care Team ရှိပါစေ
  • ဝယ်သူတွေရဲ့ စကားသံတွေကို သေချာနားထောင်ပါ။ ဝယ်သူဘာပြောလဲဆိုတာကို သေသေချာချာ ရှင်းရှင်းလင်းလင်းသိမှ သူတို့ရဲ့ မေးခွန်းတွေကို ကိုယ်က တိတိကျကျ ဖြေနိုင်မှာပါ။
  • ဝယ်သူတွေရဲ့ အဆင်မပြေမှုတွေကို ကိုယ်ချင်းစာပါ။ ဒါမှ ဝယ်သူတွေက သူတို့အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ပြောနိုင်မှာ ဖြစ်တယ်။
  • ဝယ်သူတွေနဲ့ စကားပြောတဲ့အခါ လေးလေးစားစားနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံပါ။ ဝယ်သူက စိတ်ဆိုးနေရင် ကိုယ်က စိတ်ရှည်သည်းခံနေဖို့ လိုပါတယ်။ 

 

အထက်ပါအချက်တွေကို ကြိုတင်လေ့လာသိရှိထားမယ်ဆိုရင် ဖြစ်နိုင်ချေရှိတဲ့ပြသနာတွေကို ကြိုတင်ပြင်ဆင်ထားနိုင်ပြီး E-Commerce System တစ်ခု အကောင်အထည်ဖော်ရာမှာ အဆင်ပြေ လွယ်ကူစေနိုင်ပါတယ်။





E-commerce

3 min

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္...

Knowledge

4 min

Cross -Border-E-Commerce ဆိုတာ ကိုယ့်ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နိုင်တာ မဟုတ်ဘဲ နိုင်ငံတကာကနေ အရောင်းအဝယ်ပြုလုပ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address