E-commerce အဖြစ်လုပ်ကိုင်နေတဲ့ Store Owner ပဲဖြစ်ဖြစ်၊ စတင်ဖို့စဉ်းစားနေတဲ့ Store Owner ပဲဖြစ်ဖြစ် မေ့မထားသင့်တဲ့ E-commerce Platform ရဲ့ Checkout Process

Knowledge

3 min

ကိုယ့်ရဲ့ Business ကို E-commerce အဖြစ်လုပ်ကိုင်နေတဲ့ Store Owner ပဲဖြစ်ဖြစ်၊ စတင်ဖို့စဉ်းစားနေတဲ့ Store Owner ပဲဖြစ်ဖြစ် မေ့မထားသင့်တဲ့အချက်က ကိုယ့် E-commerce Platform ရဲ့ Checkout Process ပါပဲ။

Checkout Step ဟာ Customer တွေအတွက် Make or Break Moment ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Checkout Process ကဝယ်သူတွေအတွက် အဆင်ပြေပြေနဲ့ အလွယ်တကူသုံးနိုင်ရဲ့လား၊ Payment Method တွေကကော Customer တွေအသုံးများတဲ့ Method တွေကို Provide လုပ်နိုင်ရဲ့လား စတာတွေကို အသေအချာစဉ်းစားဖို့လိုပါတယ်။

Customer တစ်ယောက်ဟာ Add to cart ထိလုပ်ထားပြီးမှ ရှုပ်ထွေးပြီး Step တွေများတဲ့ Checkout process ကြောင့်ဖြစ်ဖြစ်၊ Customer သုံးနေတဲ့ Payment method တွေနဲ့ ငွေပေးချေမှုတွေလုပ်လို့မရတဲ့ အခါမျိုးမှာဖြစ်ဖြစ် ဝယ်ယူမှုကိုလက်လျှော့လိုက်တဲ့အခါမှာ Store Owner တွေအနေနဲ့ ကိုယ့် E-Commerce Platform ပေါ်ရောက်လာတဲ့ Customer တွေရဲ့ 1st Sales ကိုလက်လွှတ်ရဖို့များနေပြီဆိုတာ သတိထားသင့်ပါတယ်။

ဒါကြောင့် Checkout Process ကိုပိုပြီး Optimize ဖြစ်စေမယ့်အချက်တချို့ကိုဝေမျှပေးလိုက်ပါတယ်။

?

Customer တစ်ယောက်အနေနဲ့ Order တင်ဖို့အတွက် Register လုပ်မှရကိုရရမယ်ဆိုတာမျိုးက အဆင်မပြေလှပါဘူး။ Registration Process တွေဟာ အနည်းနဲ့အများတော့ Tricky ဖြစ်လေ့ရှိတဲ့အတွက် 1st Purchase ကိုလက်လွှတ်စေရတဲ့ အကြောင်းအရင်းတွေထဲကလည်း တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Order တင်ဖို့အတွက် Register လုပ်ရတဲ့ Process ဟာ Optional ပဲဖြစ်သင့်ပါတယ်။ အဲ့ဒီ့အစားခုနောက်ပိုင်းမှာ အသုံးများလာတဲ့ Quick Checkout, Guest Checkout လိုပုံစံမျိုးတွေက Customer တွေပိုပြီး အကြိုက်တွေ့လေ့ရှိကြပါတယ်။

?

တကယ်လို့ Checkout လုပ်ဖို့အတွက် Register လုပ်ရမယ်ဆိုရင်တောင် မလိုအပ်ပဲ အချက်အလက်တွေအများကြီး တောင်းတာမျိုးမဟုတ်ဘဲ Name, Phone number, Shipping/Billing Address စတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကိုတောင်းတာလောက်ပဲ ဖြစ်သင့်ပါတယ်။ ဒါမှမဟုတ် Customer တွေကို Account Register လုပ်မယ်ဆိုရင်တော့ Promo Code နဲ့ Discount ယူလို့ရမယ်ဆိုတာမျိုးလေးတွေကလည်း Register လုပ်ဖို့အားပေးရာရောက်နိုင်ပါတယ်။

?

Checkout Page ရဲ့ Shopping Cart ထဲမှာ Product နာမည်တွေပဲပြတာထက် Product ရဲ့ ပုံနဲ့ပါတွဲပြတာက Customer တွေအတွက် သူတို့ Cart ထဲကို ဘာပစ္စည်တွေထည့်ထားလဲဆိုတာ ရှင်းရှင်းလင်းလင်းသိရပြီး ဝယ်ဖို့ Decision တွေကိုလည်းပိုပြီးတော့ သေချာစေပါတယ်။

?

နောက်ထပ်မေ့ထားလို့မရတဲ့ အချက်တစ်ချက်ကတော့ Order တင်ဖို့အတွက် ကိုယ့် E-Commerce Site က Provide လုပ်ပေးနိုင်တဲ့ Payment Option တွေပါပဲ။ Customer တွေအနေနဲ့ သူတို့သုံးတဲ့ Payment Option တွေနဲ့ Checkout မလုပ်နိုင်တဲ့အခါမှာ အခြားရနိုင်တဲ့ဆိုင်မှာဝယ်ဖို့ရာခိုင်နှုန်းက တော်တော်လေးများနေပါပြီ။ ဒါကြောင့် Customer တွေကိုမဆုံးရှုံးချင်ဘူးဆိုရင်တော့ Payment Option တွေကိုရွေးချယ်စရာအများကြီးထားပေးဖို့တော့လိုပါလိမ့်မယ်။

?

Estimated or guaranteed delivery date တွေကိုသိရတာလည်း Customer တွေအတွက် အသုံးဝင်စေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝယ်မယ့်ပစ္စည်းကိုဘယ်နေ့မှာရမယ်ဆိုတာသိရဲ့အခါမှာ ဝယ်ဖို့ဆုံးဖြတ်ချက်ချဖို့အတွက် ပိုပြီးသေချာစေပါတယ်။

?

နောက်ဆုံးအနေနဲ့ Checkout Page မှာ Frequently Asked Question တွေပြပေးတာ၊ Live Chat လုပ်လို့ရတာတွေကလည်း Conversion Rate ကိုပိုတက်စေနိုင်ပါတယ်။ တစ်ခုသတိထားရမှာက Live Chat မှာ 24/7 ဖြေပေးမယ့်လူရှိမှသာ Live Chat ကအသုံးဝင်မယ်ဆိုတဲ့အချက်ပါပဲ။

ခုဖော်ပြထားတဲ့အချက်တွေကတော့ Optimal Checkout Process ဖြစ်ဖို့ထင်သာမြင်သာရှိတဲ့ အချက်လေးတွေပါ။ တကယ် Optimal Checkout Process ဖြစ်ဖို့အတွက်တော့ User Experience ဘက်ကနေပါတွဲပြီး လိုက်စဉ်းစားရမယ့် အချက်တွေလည်းအများကြီးရှိပါသေးတယ်။

Digi-Zaay ဟာ နည်းပညာ အနာဂတ် အတွက် ရင်းနှီးမြုပ်နှံလိုတဲ့ ဆိုင်ရှင်တွေ Brand Owner တွေအတွက် Full-Stack E-Commerce တစ်ခုကို ၂ပတ်အတွင်း ပိုင်ဆိုင်နိုင်ဖို့ အစအဆုံး စီစဥ်ပေးတဲ့ Service Package ဖြစ်ပါတယ် ။

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၃၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ် ။

Digi-Zaay ကို အပြည့်အဝ အသုံးပြုလိုတယ် ဆိုရင်တော့ တစ်နှစ်စာကို ဒေါ်လာ ၁၅၀၀ ကျသင့်မှာ ဖြစ်ပြီး ၊ OneTime Setup Fees အနေနဲ့ ဒေါ်လာ ၂၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

Digi-Zaay ကိုစိတ်ဝင်စားတဲ့ဆိုင်ရှင်တွေအနေနဲ့ Digi-Zaay package ကိုအခမဲ့စမ်းသပ်အသုံးပြုနိုင်မယ့် အစီအစဉ်လေးလည်းရှိပါတယ်။

Digi-Zaay ရဲ့ Free Beta ကို အသုံးပြုနိုင်ဖို့ အောက်ပါ Interest Form ကိုဖြည့်ပေးဖို့ လိုပါမယ် ။ Form ဖြည့်ပေးထားတဲ့ လူတွေထဲကမှ သင့်တော်တဲ့ လူတွေကို Digi-Zaay Team မှ စီစစ် ရွေးချယ်ပြီး ပြန်လည်ဆက်သွယ် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။

>> https://bit.ly/dz-free-beta

E-commerce

3 min

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္...

Knowledge

4 min

Cross -Border-E-Commerce ဆိုတာ ကိုယ့်ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နိုင်တာ မဟုတ်ဘဲ နိုင်ငံတကာကနေ အရောင်းအဝယ်ပြုလုပ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address