ဆိုင်ရှင်အများစုဟာ Warranty ပါတဲ့ပစ္စည်းတွေရောင်းချတဲ့အခါမှာ ပုံစံတူ Warranty Card တွေလုပ်ထားပြီး ဝယ်သူကို Voucher နဲ့အတူ တွဲပေးတတ်ကြပါတယ်။ Warranty Period ကိုလည်း ဝယ်သူတစ်ဦးချင်းစီရဲ့အချက်အလက်နဲ့တွဲသိမ်းလေ့ သိပ်မရှိကြပါဘူး။ ဝယ်သူတွေဟာလည်း Warranty Card ကိုအသိမ်းလွန်တာ ဒါမှမဟုတ် သေချာမသိမ်းမိတာကြောင့် Warranty ကဒ်ကို လိုအပ်မှာ ရှာမရတာမျိုးတွေ ခဏခဏ ကြုံရတတ်ကြပါတယ် ။
ဝယ်သူတွေ အနေနဲ့ ဝယ်ယူထားတဲ့ ပစ္စည်းအတွက် Warranty ရှိသေးပေမယ့် Card ပျောက်သွားတာ (တွဲသိမ်းပေးရတဲ့ ဘောက်ချာ ပျောက်တာ) တွေကြောင့် Warranty မရတဲ့အခါမျိုးတွေ ၊ ဆိုင်ရှင်တွေ အနေနဲ့ Warranty ပေးချင်ရင်တောင် အထောက်အထားမရှိလို့ ပေးမရဖြစ်တဲ့အခါမျိုးတွေမှာ မလိုအပ်ပဲစကားများရတာတွေဖြစ်ပြီး ဝယ်သူနဲ့ဆက်ဆံရေးကို ထိခိုက်စေတတ်ပါတယ်။
Digi-Zaay E-commerce Enabler Service ကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့ E-Commerce Store တွေမှာဆိုရင်တော့ ဆိုင်ရှင်တွေအနေနဲ့ Warranty ရှိတဲ့ပစ္စည်း တစ်ခုချင်းစီအတွက် Warranty Register လုပ်တဲ့အခါမှာ ဖြည့်ပေးရမဲ့ Information အမျိုးအစားတွေကို သတ်မှတ်ပေးထားနိုင်သလို ၊ ဝယ်ယူပြီးသွားတဲ့ အခါမှာလည်း Website / Mobile App ကနေ လာရောက်ပြီး Warranty Register ပြုလုပ်နိုင်အောင် စီစဥ်ပေးထားနိုင်ပါမယ် ။
ဆိုင်ရှင်တွေအနေနဲ့ Warranty Information တွေနဲ့ ဝယ်သူအချက်အလက်တွေကို System ထဲမှာ ပူးတွဲသိမ်းထားနိုင်မှာ ဖြစ်တဲ့အပြင် ဝယ်သူတွေအနေနဲ့လည်း Warranty Claim ပြုလုပ်လိုတဲ့အခါမှာ App ရဲ့ User Profile ထဲက ဝယ်ယူမှုနဲ့ အတူ ရှိနေတဲ့ Warranty Registration ကို ပြသပြီး Warranty Claim ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် ။
Digi-Zaay ဟာ နည်းပညာ အနာဂတ် အတွက် ရင်းနှီးမြုပ်နှံလိုတဲ့ ဆိုင်ရှင်တွေ Brand Owner တွေအတွက် Full-Stack E-Commerce တစ်ခုကို ၂ပတ်အတွင်း ပိုင်ဆိုင်နိုင်ဖို့ အစအဆုံး စီစဥ်ပေးတဲ့ Service Package ဖြစ်ပါတယ် ။
Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၃၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ် ။
Digi-Zaay ကို အပြည့်အဝ အသုံးပြုလိုတယ် ဆိုရင်တော့ တစ်နှစ်စာကို ဒေါ်လာ ၁၅၀၀ ကျသင့်မှာ ဖြစ်ပြီး ၊ OneTime Setup Fees အနေနဲ့ ဒေါ်လာ ၂၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။
Digi-Zaay ကိုစိတ်ဝင်စားတဲ့ဆိုင်ရှင်တွေအနေနဲ့ Digi-Zaay package ကိုအခမဲ့စမ်းသပ်အသုံးပြုနိုင်မယ့် အစီအစဉ်လေးလည်းရှိပါတယ်။
Digi-Zaay ရဲ့ Free Beta ကို အသုံးပြုနိုင်ဖို့ အောက်ပါ Interest Form ကိုဖြည့်ပေးဖို့ လိုပါမယ် ။ Form ဖြည့်ပေးထားတဲ့ လူတွေထဲကမှ သင့်တော်တဲ့ လူတွေကို Digi-Zaay Team မှ စီစစ် ရွေးချယ်ပြီး ပြန်လည်ဆက်သွယ် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။