အောင်မြင်တဲ့ E-Commerce System တစ်ခု တည်ဆောက်ရာမှာ ဆိုင်ရှင်တွေ အနေနဲ့ Order Fulfillment Process ကို နိုင်နိုင်နင်းနင်း ဝန်ဆောင်မှု ပေးနိုင်ဖို့ အရမ်းကို အရေးကြီးပါတယ် ..
Order Fulfillment ဆိုတာ ဝယ်သူဆီက အမှာစာ လက်ခံရရှိတဲ့ အချိန်ကနေစပြီး ဝယ်ယူတဲ့ ပစ္စည်းကို ဝယ်သူ့လက်ထဲကို အရောက်ပို့ပေးနိုင်တဲ့ အချိန်အထိ အဆင့်ဆင့်ပါဝင်ပါတယ် ..
Order တစ်ခုချင်းစီအလိုက် ပို့ဆောင်ပေးနိုင်ဖို့ အရေးကြီးတဲ့ အချက်အလက်တွေဖြစ်တဲ့ ဆက်သွယ်ရမဲ့ လူ ၊ ဖုန်းနံပါတ် စတာတွေကို ဝယ်သူက အလွယ်တကူ သတ်မှတ်ပေးနိုင်ဖို့ လိုတဲ့ အပြင် နီးစပ်ရာ ဆိုင်မှာ လာယူမယ် ဆိုရင်လည်း ဘယ်ဆိုင်မှာ လာယူမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးနိုင်ဖို့ လိုအပ်ပါတယ် ..
ဒါမှလဲ ဆိုင်ရှင်တွေအနေနဲ့ ဝယ်သူ တစ်ယောက်ချင်းစီရဲ့ Order တွေကို လိုအပ်အသလို အချိန်နဲ့ တပြေးညီ စီစဉ်ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ် ..
Digi-Zaay E-Commerce Enabler Service ကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ Store တွေမှာ ဆိုရင် ဝယ်သူတွေအနေနဲ့ Website, Mobile App, ChatBot စတဲ့ မိမိနှစ်သက်ရာ Platform တွေကနေ Order တင်နိုင်မှာ ဖြစ်သလို
အော်ဒါ တစ်ခုချင်းစီအတွက် Delivery မှာ ဆက်သွယ်ရမဲ့ လူ နဲ့ ပို့ဆောင်ရမဲ့ လိပ်စာတွေကို သတ်မှတ်ပေးတာက အစ ၊ ကိုယ်တိုင်လာယူမယ်ဆိုရင်လည်း ကိုယ့် နေရာနဲ့ အနီးဆုံးမှာ ရှိနေတဲ့ ဆိုင်ခွဲတွေထဲကနေ နှစ်သက်ရာ ဆိုင်ခွဲကို ရွေးချယ်နိုင်ဖို့ အဆုံး စီစဉ်ပေးထားပါတယ် ..
ဒါ့အပြင် Delivery ကို ကိုယ်တိုင် မပြုလုပ်လိုတဲ့ ဆိုင်ရှင်တွေအတွက် Digi-Zaay ရဲ့ Partner Delivery Service တွေထဲကမှ ဝယ်ယူသူ စိတ်ကြိုက် နှစ်သက်ရာ Delivery Service ကို ရွေးချယ်ပြီး Check-out ပြုလုပ်နိုင်အောင် လည်း စီစဉ်ပေးထားပါသေးတယ် ..
Digi-Zaay ဟာ နည်းပညာ အနာဂတ် အတွက် ရင်းနှီးမြုပ်နှံလိုတဲ့ ဆိုင်ရှင်တွေ Brand Owner တွေအတွက် Full-Stack E-Commerce တစ်ခုကို ၂ပတ်အတွင်း ပိုင်ဆိုင်နိုင်ဖို့ အစအဆုံး စီစဥ်ပေးတဲ့ Service Package ဖြစ်ပါတယ် ။
Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၃၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ် ။
Digi-Zaay ကို အပြည့် အသုံးပြုလိုတယ် ဆိုရင်တော့ တစ်နှစ်စာကို ဒေါ်လာ ၁၅၀၀ ကျသင့်မှာ ဖြစ်ပြီး ၊ OneTime Setup Fees အနေနဲ့ ဒေါ်လာ ၂၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။
Digi-Zaay ကိုစိတ်ဝင်စားတဲ့ဆိုင်ရှင်တွေအနေနဲ့ Digi-Zaay Service Package တစ်ခုလုံ ကိုအခမဲ့တစ်လ စမ်းသပ်အသုံးပြုနိုင်မယ့် အစီအစဉ်လေးလည်းရှိပါတယ်။
Digi-Zaay ရဲ့ Free Beta ကို အသုံးပြုနိုင်ဖို့ အောက်ပါ Interest Form ကိုဖြည့်ပေးဖို့ လိုပါမယ် ။ Form ဖြည့်ပေးထားတဲ့ လူတွေထဲကမှ သင့်တော်တဲ့ လူတွေကို Digi-Zaay Team မှ စီစစ် ရွေးချယ်ပြီး ပြန်လည်ဆက်သွယ် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။