ဆိုင်ရှင်တွေအနေနဲ့ E-Commerce ကိုအသုံးပြုဖို့ စဉ်းစားတဲ့အခါမှာ လူကိုယ်တိုင် ဆိုင်မှာလာဝယ်တဲ့ ဖောက်သည်တွေကို ဘယ်လိုစီမံခန့်ခွဲနိုင်မလဲ

E-commerce

2 min

ဆိုင်ရှင်တွေအနေနဲ့ E-Commerce ကိုအသုံးပြုဖို့ စဉ်းစားတဲ့အခါမှာ လူကိုယ်တိုင် ဆိုင်မှာလာဝယ်တဲ့ ဖောက်သည်တွေကို ဘယ်လိုစီမံခန့်ခွဲနိုင်မလဲ ဆိုတာကို စိတ်ဝင်စားကြပါတယ် ။

အများစုကလဲ POS System တစ်ခုခု အသုံးပြုထားပြီးသား ဖြစ်ကြတဲ့ အတွက် Product တွေ ၂ ခါပြန် ထည့်ရမှာလား ဆိုတာမျိုး ၊ E-Commerce ရော POS ရော ၂ ခုလုံးက Centralize Inventory ကို အသုံးပြုနိုင်ပါ့မလား ဆိုတာမျိုး စိုးရိမ်ကြပါတယ် ။

Digi-Zaay E-commerce Enabler Service ကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့ E-Commerce Store တွေမှာဆိုရင်တော့ ဆိုင်မှာလာဝယ်လို့ ရောင်းလိုက်တဲ့ အရောင်းစာရင်းတွေကိုပါ Admin Dashboard မှာ Record ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ် ။

ဒါ့အပြင် ဆိုင်မှာ လူကိုယ်တိုင်လာဝယ်သူတွေကိုလည်း E-Commerce ပေါ်ရောက်လာအောင်

၁) ဝယ်ယူမှုအတွက် ရရှိတဲ့ Point ကို E-Commerce ပေါ်မှာ Sign-in ပြုလုပ်ပြီး ရယူနိုင်ဖို့ Auto-Invite ပြုလုပ်တာမျိုး

၂) Electronic Store တွေ ဆိုရင်လည်း ဝယ်ယူသွားတဲ့ ပစ္စည်းရဲ့ Warranty Registration ကို E-Commerce ပေါ်ကနေ တဆင့် ပြုလုပ်ရန် အကူအညီပေးတဲ့ ပုံစံမျိုးတွေနဲ့ Offline  Customer ကို Online Store Front ပေါ် ရောက်ရှိလာအောင် စီစဉ်နိုင်မှာ ဖြစ်ပါတယ် ။

Digi-Zaay ဟာ နည်းပညာ အနာဂတ် အတွက် ရင်းနှီးမြုပ်နှံလိုတဲ့ ဆိုင်ရှင်တွေ Brand Owner တွေအတွက် Full-Stack E-Commerce တစ်ခုကို ၂ပတ်အတွင်း ပိုင်ဆိုင်နိုင်ဖို့ အစအဆုံး စီစဥ်ပေးတဲ့ Service Package ဖြစ်ပါတယ် ။

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၃၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ် ။

Digi-Zaay ကို အပြည့် အသုံးပြုလိုတယ် ဆိုရင်တော့ တစ်နှစ်စာကို ဒေါ်လာ ၁၅၀၀ ကျသင့်မှာ ဖြစ်ပြီး ၊ OneTime Setup Fees အနေနဲ့ ဒေါ်လာ ၂၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

Digi-Zaay ကိုစိတ်ဝင်စားတဲ့ဆိုင်ရှင်တွေအနေနဲ့ Digi-Zaay Service Package တစ်ခုလုံ ကိုအခမဲ့တစ်လ စမ်းသပ်အသုံးပြုနိုင်မယ့် အစီအစဉ်လေးလည်းရှိပါတယ်။

Digi-Zaay ရဲ့ Free Beta ကို အသုံးပြုနိုင်ဖို့ အောက်ပါ Interest Form ကိုဖြည့်ပေးဖို့ လိုပါမယ် ။ Form ဖြည့်ပေးထားတဲ့ လူတွေထဲကမှ သင့်တော်တဲ့ လူတွေကို Digi-Zaay Team မှ စီစစ် ရွေးချယ်ပြီး ပြန်လည်ဆက်သွယ် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။>> https://bit.ly/dz-free-beta

E-commerce

3 min

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္...

Knowledge

4 min

Cross -Border-E-Commerce ဆိုတာ ကိုယ့်ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နိုင်တာ မဟုတ်ဘဲ နိုင်ငံတကာကနေ အရောင်းအဝယ်ပြုလုပ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address