ဆိုင်ရှင်တွေအနေနဲ့ ပုံမှန်သမရိုးကျရောင်းချနေတာကနေ E-Commerce ကနေတဆင့် ရောင်းချဖို့ စဥ်းစားတဲ့ အခါမှာ ဝယ်ယူသူဆိီကို ပစ္စည်း ဘယ်လို ပို့ဆောင်သွားမယ် ဆိုတာကိုပါ ထည့်သွင်း စဥ်းစားဖို့ လိုအပ်လာပါပြီ ။
ဒီနေရာမှာ တစ်ချို့ ဆိုင်ရှင်တွေကလဲ Delivery ကို ကိုယ်တိုင် ပြုလုပ်ကြသလို ၊ တစ်ချို့ ဆိုင်ရှင်တွေကလဲ ရှိထားပြီးသား Delivery Services တွေကို အသုံးပြုပြီး အကောင်အထည်ဖော်ကြပါတယ် ။
ဘယ်လိုပဲ ဖြစ်ဖြစ် ဝယ်သူက ဘယ်အချိန်မှာ ပစ္စည်းလာပို့စေချင်တယ် ဆိုတာကို ရွေးနိုင်တဲ့ အပိုင်းတွေ ၊ သတ်မှတ် Order ပမာဏပြည့်သွားရင် Timeslot တစ်ခု Day တစ်ခုကို ထပ်မရွေးနိုင်တော့ဖို့တွေ ၊ သတ်မှတ်အချိန်ကျော်သွားရင် နောက်တစ်နေ့ အတွက် Delivery Timeslot ကို မရွေးချယ်နိုင်တော့ဖို့ တွေက အရောင်းအဝယ်ကို E-Commerce ပုံစံနဲ့ လည်ပတ်နိုင်ဖို့ အပိုင်းမှာ တော်တော်လေး အရေးပါတဲ့ အလုပ်လုပ်ပုံတွေလို့ ဆိုနိုင်ပါတယ် ။
Digi-Zaay E-commerce Enabler Service ကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့ E-Commerce Store တွေမှာဆိုရင်တော့ ကိုယ်တိုင် Delivery အပိုင်းကို ပြုလုပ် လိုတဲ့ ဆိုင်ရှင်တွေကို Support ပေးနိုင်အောင် ပြင်ဆင်ထားသလို Delivery Company တွေနဲ့ ချိတ်ဆက်ပြီး ပစ္စည်းပို့တဲ့ အပိုင်းကို စီစဥ်လိုတဲ့ ဆိုင်ရှင်တွေအတွက်လည်း အဆင်ပြေအောင် ပြင်ဆင်ပေးထားပါတယ် ။
ဘယ်လို ပုံစံမျိုးကို အသုံးပြုတာပဲ ဖြစ်ဖြစ် ဆိုင်ရှင်တွေအနေနဲ့ မိမိဝယ်သူတွေဆီ ပစ္စည်းမှန်မှန်ကန်ကန် ရောက်မရောက်ကို Dashboard ကနေအလွယ်တကူ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ် ။
ဒါကြောင့် ဆိုင်ရှင်တွေအနေနဲ့ Delivery နောက်ကျတာမျိုးတွေကြောင့် ဝယ်သူနဲ့ဆက်ဆံရေး ထိခိုက်တာမျိုးတွေကို လုံးဝမရှိတော့အောင် လျော့ချနိုင်မှာ ဖြစ်ပါတယ်။
Digi-Zaay ဟာ နည်းပညာ အနာဂတ် အတွက် ရင်းနှီးမြုပ်နှံလိုတဲ့ ဆိုင်ရှင်တွေ Brand Owner တွေအတွက် Full-Stack E-Commerce တစ်ခုကို ၂ပတ်အတွင်း ပိုင်ဆိုင်နိုင်ဖို့ အစအဆုံး စီစဥ်ပေးတဲ့ Service Package ဖြစ်ပါတယ် ။
Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၃၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ် ။
Digi-Zaay ကို အပြည့် အသုံးပြုလိုတယ် ဆိုရင်တော့ တစ်နှစ်စာကို ဒေါ်လာ ၁၅၀၀ ကျသင့်မှာ ဖြစ်ပြီး ၊ OneTime Setup Fees အနေနဲ့ ဒေါ်လာ ၂၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။
Digi-Zaay ကိုစိတ်ဝင်စားတဲ့ဆိုင်ရှင်တွေအနေနဲ့ Digi-Zaay package ကိုအခမဲ့စမ်းသပ်အသုံးပြုနိုင်မယ့် အစီအစဉ်လေးလည်းရှိပါတယ်။
Digi-Zaay ရဲ့ Free Beta ကို အသုံးပြုနိုင်ဖို့ အောက်ပါ Interest Form ကိုဖြည့်ပေးဖို့ လိုပါမယ် ။ Form ဖြည့်ပေးထားတဲ့ လူတွေထဲကမှ သင့်တော်တဲ့ လူတွေကို Digi-Zaay Team မှ စီစစ် ရွေးချယ်ပြီး ပြန်လည်ဆက်သွယ် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။>> https://bit.ly/dz-free-beta