ဆိုင်ရှင်တွေအနေနဲ့ ဝယ်သူတွေရဲ့ အချက်အလက်တွေကို Digital Format အနေနဲ့ သိမ်းထားနိုင်ခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ

E-commerce

2 min

ဆိုင်ရှင်တွေအနေနဲ့ ကိုယ့်ဆီဝယ်ယူအားပေးတဲ့ ဝယ်သူတွေအကုန်လုံးကို မှတ်မိနိုင်ဖို့က ပုံမှန်အားဖြင့် မလွယ်ကူနိုင်ပါဘူး။

ဒီလို မမှတ်မိတဲ့အတွက် ဆိုင်ရှင်တော်တော်များများဟာ ကိုယ်မှတ်မိတဲ့ဝယ်သူအနည်းစုရဲ့ စိတ်ဝင်စားမှုပေါ်မူတည်ပြီးတော့ပဲအရောင်းအဝယ်ပြုလုပ်တတ်ကြပါတယ်။ ဒီလိုမျိုးပြုလုပ်တာက ဝယ်သူအများစုရဲ့ အကြိုက်ကို လျစ်လျူရှုသလိုမျိုး ဖြစ်တတ်ပြီး ရောင်းအားကိုလည်း ထိခိုက်လာနိုင်ပါတယ်။

Digi-Zaay E-commerce Enabler Service ကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့ E-Commerce Store တွေမှာဆိုရင်တော့ ဝယ်သူတွေနဲ့ပတ်သက်တဲ့ ဆက်သွယ်နိုင်မယ့် အချက်အလက်တွေအပြင် သူတို့ကိုယ့်ဆီက ဘယ်နှစ်ခုဝယ်ယူထားလဲ၊ ဘယ်လိုပစ္စည်းတွေ ကြိုက်နှစ်သက် ဝယ်ယူလေ့ရှိလဲ ဆိုတာတွေအထိပါ သိမ်းပေးထားတာဖြစ်တဲ့အတွက် ကိုယ့်ဝယ်သူတွေရဲ့ စိတ်ဝင်စားမှုအပေါ်  ပိုပြီးလေ့လာ ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။

ပစ္စည်းသစ်ရောင်းဖို့၊ Collection အသစ်ထုတ်ဖို့စဉ်းစားတဲ့အခါမျိုးမှာလည်း ဆိုင်ရှင်တွေအနေနဲ့ ကိုယ့်ဝယ်သူတွေရဲ့ အချက်အလက်ကို သေချာလေ့လာဆန်းစစ်ပြီး လုပ်နိုင်မှာဖြစ်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်ကိုရရှိနိုင်မှာ ဖြစ်ပါတယ်။

Digi-Zaay ဟာ နည်းပညာ အနာဂတ် အတွက် ရင်းနှီးမြုပ်နှံလိုတဲ့ ဆိုင်ရှင်တွေ Brand Owner တွေအတွက် Full-Stack E-Commerce တစ်ခုကို ၂ပတ်အတွင်း ပိုင်ဆိုင်နိုင်ဖို့ အစအဆုံး စီစဥ်ပေးတဲ့ Service Package ဖြစ်ပါတယ် ။

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၃၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ် ။

Digi-Zaay ကို အပြည့် အသုံးပြုလိုတယ် ဆိုရင်တော့ တစ်နှစ်စာကို ဒေါ်လာ ၁၅၀၀ ကျသင့်မှာ ဖြစ်ပြီး ၊ OneTime Setup Fees အနေနဲ့ ဒေါ်လာ ၂၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

Digi-Zaay ကိုစိတ်ဝင်စားတဲ့ဆိုင်ရှင်တွေအနေနဲ့ Digi-Zaay package ကိုအခမဲ့စမ်းသပ်အသုံးပြုနိုင်မယ့် အစီအစဉ်လေးလည်းရှိပါတယ်။

Digi-Zaay ရဲ့ Free Beta ကို အသုံးပြုနိုင်ဖို့ အောက်ပါ Interest Form ကိုဖြည့်ပေးဖို့ လိုပါမယ် ။ Form ဖြည့်ပေးထားတဲ့ လူတွေထဲကမှ သင့်တော်တဲ့ လူတွေကို Digi-Zaay Team မှ စီစစ် ရွေးချယ်ပြီး ပြန်လည်ဆက်သွယ် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။>> https://bit.ly/dz-free-beta

E-commerce

3 min

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္...

Knowledge

4 min

Cross -Border-E-Commerce ဆိုတာ ကိုယ့်ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နိုင်တာ မဟုတ်ဘဲ နိုင်ငံတကာကနေ အရောင်းအဝယ်ပြုလုပ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address