ယခုအချိန်ကာလမှာ Brand Owner တွေ ၊ ဆိုင်ရှင်တွေအနေနဲ့ သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုများစွာနဲ့ တည်ဆောက်ထားရတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုကို ဝယ်လိုအားကျဆင်းမှုမဖြစ်ရအောင် ကြိုးပမ်းနေကြရတဲ့ကာလပဲဖြစ်ပါတယ်။ ဒီအတွက် ဖြေရှင်းနည်းတစ်ခုအနေနဲ့ Brand Owner ၊ဆိုင်ရှင်အများစုက သူတို့ရဲ့ Product တွေကို Facebook လို Social Media တွေကတစ်ဆင့် ရောင်းချဖို့ကြိုးစားလာကြပါတယ်။
Social Media ကနေ တစ်ဆင့် product တွေကို ရောင်းချတဲ့အခါ ကိုယ်ရောင်းမယ့် ပစ္စည်းက ဝယ်သူစိတ်ဝင်စားလောက်မယ့် ပစ္စည်းဖြစ်ဖို့လိုသလို ရောင်းတဲ့ page က လူသိများဖို့ရာအတွက် အချိန်လိုအပ်ပါတယ်။ ဒါအပြင် ဆိုင်ရှင်အနေနဲ့ ကိုယ့်မှာ ရှိတဲ့ ပစ္စည်းလက်ကျန် ကို အလွယ်တကူသိဖို့ခက်ခဲပြီး ဆိုင်ရဲ့ တနေ့တာ ရောင်းအား ဘယ်လောက်ရှိတယ်ဆိုတာကိုလည်း အလွယ်တကူ မသိနိုင်တာမျိုးဖြစ်နိုင်တယ်။ ပစ္စည်းလာမှာတဲ့ ဝယ်သူတွေရဲ့ Message,Phone call တွေကို လက်ခံဖြေပေးဖို့ လူလိုအပ်တဲ့အပြင် ပစ္စည်းပို့ဆောင်မှု အဆင့်ဆင့်ကိုလည်း track လုပ်လို့မရတာက Social Media ကနေ Product တွေကို ရောင်းတာရဲ့ ကြုံတွေရမယ့် အဆင်မပြေတဲ့အချက်တွေပဲ ဖြစ်ပါတယ်။
Brand Owner တွေ၊ ဆိုင်ရှင်တွေအနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် brand နဲ့ပတ်သက်ပြီး E-Commerce တည်ဆောက်တဲ့အခါ
(၁) ကိုယ့်ရဲ့ ဘယ် Product အမျိုးအစားတွေက ဘယ်လောက် ရောင်းအားကောင်းတယ် ၊ ဘယ်အချိန်မှာ ပြန်ပြီး Restock လုပ်ဖို့လိုမယ်ဆိုတာကို အလွယ်တကူသိနိုင်တဲ့အတွက် ကိုယ့်ဆိုင်ရဲ့ရောင်းအားကို ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါတယ်။
(၂) ဆိုင်ရှင်အနေနဲ့ ကိုယ့်ဆိုင်မှာ ဝယ်လေ့ရှိတဲ့ Customer တွေကို သိနိုင်ပြီး Customer အနေနဲ့ ဘယ်လို product တွေကို အများဆုံး ဝယ်လေ့ရှိတယ်ဆိုတာကိုပါသိနိုင်တဲ့အတွက် ဝယ်လိုအားကို ရေရှည်ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။
(၃) ကိုယ့်ဆီမှာ ပစ္စည်းတစ်ခု ဝယ်ဖူးသူတိုင်းကို အကောင်းဆုံး ဝန်ဆောင်မှုပေးပြီး သူတို့ဆီက ရရှိတဲ့ Genuine Feedback တွေ စုဆောင်းထားခြင်းက ကိုယ့်ဆီမှာ မဝယ်ဖူးသေးသူတွေအတွက် ကိုယ့် Product နဲ့ပတ်သက်ပြီး ပိုပြီး ယုံကြည်မှုကို တိုးစေမှာဖြစ်ပါတယ်။
(၄) ဒါ့အပြင် ဆိုင်ရှင်အနေနဲ့ ဝယ်သူမှာယူထားတဲ့ Order တွေကို အချိန်မရွေးလွယ်လွယ်ကူကူ ကြည့်နိုင်တဲ့အတွက် အချိန်ကုန် လူပင်ပန်း ဖြစ်တာမျိုးကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၅) Order တစ်ခုချင်းစီအတွက် ဆက်သွယ်ရမယ့် လူ ၊ ဖုန်းနံပါတ်၊ ပေးပို့ရမယ့် လိပ်စာ စတာတွေကို ဝယ်သူက အလွယ်တကူ သတ်မှတ်ပေးနိုင်တဲ့အတွက် ဝယ်သူ တစ်ယောက်ချင်းစီရဲ့ Order တွေကို အချိန်နဲ့ တပြေးညီ ပို့ပေးနိုင်သလို ပို့ဆောင်မှု အဆင့်ဆင့်ကိုလည်း track လုပ်လို့ရမှာဖြစ်ပါတယ်။
Digi-Zaay ဟာ နည်းပညာ အနာဂတ် အတွက် ရင်းနှီးမြုပ်နှံလိုတဲ့ ဆိုင်ရှင်တွေ Brand Owner တွေအတွက် Full-Stack E-Commerce တစ်ခုကို ၂ပတ်အတွင်း ပိုင်ဆိုင်နိုင်ဖို့ အစအဆုံး စီစဉ်ပေးတဲ့ Service Package ဖြစ်ပါတယ် ။
Digi-Zaay Package ကို အသေးစိတ် သိရှိနိုင်ဖို့ (https://digi-zaay.com.mm) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ..