ဆိုင်ရှင်တွေဟာ ဘာလို့ကိုယ်ပိုင် E-commerce တစ်ခုကိုသုံးသင့်တာလဲ?

Knowledge

2 min

ခုရင်ဆိုင်နေရတဲ့ ကာလကိုအဓိကထားပြီးပြောရရင်

ဒီလိုမျိုး ကိုယ်တိုင်မမြင်ရတဲ့ အခက်အခဲတစ်ခုကိုရင်ဆိုင်ရတဲ့ကာလမှာ ကိုယ်အပါအဝင် လူတွေအကြောက်ဆုံးအရာဟာ အိမ်ထဲက အိမ်ပြင်ကိုထွက်တာပါပဲ။

ပုံမှန်သမရိုးကျ ရောင်းဝယ်နေတဲ့ ဆိုင်တွေမှာ လူမလာတာတွေ၊ ရောင်းအားကျဆင်းတာတွေ၊ ဆိုင်ပိတ်လိုက်ရတာတွေနဲ့ ကြုံနေရတဲ့ချိန်မှာ ကိုယ်ပိုင် E-commerce တစ်ခုကို ပိုင်ဆိုင်ထားတဲ့ဆိုင်ရှင်တွေဟာ ပစ္စည်းတွေရောင်းမလောက် ဖြစ်နေတာကို မြင်ကြမှာပါ။

ဒီလောက်အတွက်က Social Media (Eg. Facebook) ပေါ်မှာလည်းရောင်းလို့ရနေတာပဲ ဘာလို့ E-commerce တစ်ခုသီးသန့်လိုမှာလဲလို့ မေးစရာရှိပါတယ်။

ပထမဆုံးပြောချင်တာက Social Media (Eg. Facebook) ဟာ

E-commerce အနေနဲ့ develop လုပ်ထားတာမဟုတ်တဲ့အတွက်

E-commerce တစ်ခုလို ကိုယ့်ရဲ့ ရောင်းဝယ်မှုကို ပြည့်ပြည့်ဝဝ စီမံခန့်ခွဲလို့မရပါဘူး။

ဥပမာပြောရရင် ဒီကာလမှာ mask တွေ၊ Hand Sanitizer တွေကို social media မှာအလုအယက်ရောင်းချနေကြတဲ့ချိန်မှာ အဓိက ဝယ်သူတွေရဲ့ စိတ်ထဲမှာ‌မေးနေတဲ့မေးခွန်းက

- ဒီရောင်းချနေတဲ့ ပစ္စည်းတွေဟာ စစ်မှန်ရဲ့လား?

- ဒီလူဆီက ဝယ်တာက စိတ်ချရပါ့မလား၊ ကိုယ့်ပိုက်ဆံတွေလိမ်သွားရင် ဘယ်လိုလုပ်မလဲ?

ဆိုတဲ့မေးခွန်းတွေပါ။

သာမန် page တစ်ခုကိုပိုင်ဆိုင်ထားတဲ့ Brand တစ်ခုနဲ့ ကိုယ်ပိုင် page ရော၊ E-commerce တစ်ခုကိုပါပိုင်ဆိုင်ထားတဲ့ Brand နှစ်ခုမှာ ဝယ်သူတွေအနေနဲ့ ဘယ် Brand ကိုပိုပြီး ယုံကြည်စိတ်ဝင်စားမယ်ထင်ပါသလဲ?

E-commerce တစ်ခုကို အဓိကအကြောင်းအရင်းဟာ ကိုယ့်ရဲ့ Brand ဒါမှမဟုတ် ကိုယ့်ဆိုင်ရဲ့ image ကို အဆင်မြှင့်တင်ဖို့၊ ဝယ်သူတွေ ဘယ်ချိန် ဘယ်နေရာကနေမဆို ယုံကြည်စိတ်ချစွာလွယ်လွယ်ကူကူ ဈေးဝယ်နိုင်ဖို့နဲ့ ကိုယ့်ဆိုင်ရဲ့ လုပ်ငန်းဆောင်တာအကုန်လုံးကို Digitally manage လုပ်နိုင်ဖို့အတွက်ပဲလို့ ပြောရင် မှားမယ်မထင်ပါဘူး။

ဒီလိုအချက်တွေနဲ့ပြည့်စုံပြီးယုံကြည်စိတ်ချရတဲ့ E-commerce တစ်ခုအနေနဲ့ "Digi-Zaay E-commerce Enabler" ကိုအခုပဲရွေးချယ်လိုက်ပါ။ လူကြီးမင်းရဲ့ ဆိုင်နာမည်နဲ့ Website, Android app, iOS app တွေအပြင် Chatbot တစ်ခုကိုပါပိုင်ဆိုင်ရမှာပါ။

#Digi-Zaay

#မြန်မာနိုင်ငံရဲ့အလွယ်ကူဆုံး "Checkout Process"

E-commerce

3 min

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္...

Knowledge

4 min

Cross -Border-E-Commerce ဆိုတာ ကိုယ့်ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နိုင်တာ မဟုတ်ဘဲ နိုင်ငံတကာကနေ အရောင်းအဝယ်ပြုလုပ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address