ကိုယ်ပိုင် E-commerce တစ်ခုကိုအသုံးပြုရတဲ့ အဓိကရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ ဆိုင်တစ်ခုလုံးကို အစ အဆုံး ကိုယ်တိုင်ဘာတစ်ခုမှ ဝင်ပါစရာမလိုပဲ ရောင်းဝယ်မှုပြုလုပ်နိုင်ဖို့အတွက်လို့ပြောလို့ရပါတယ်။
ကိုယ်ရောင်းတဲ့ ပစ္စည်းတွေကို အမျိုးအစားအလိုက် ရှင်းရှင်းလင်းလင်းနဲ့ပြထားနိုင်တဲ့အပိုင်းတွေ
ဝယ်သူတွေအနေနဲ့ ပစ္စည်းတစ်ခုကို ဝယ်ယူဖို့အတွက် သိသင့်တဲ့ အသေးစိတ်အချက်အလက်တွေ (ဥပမာ - အရောင်၊ ဆိုဒ်၊ အရေအတွက်) ကိုလည်း ဖော်ပြထားလို့ရမယ့်အပိုင်းတွေ
ဝယ်သူတွေ သဘောကျတဲ့ပစ္စည်းတွေကို အလွယ်တကူဝယ်ယူနိုင်အောင် ငွေပေးချေမှုပုံစံအမျိုးမျိုးစီစဉ်ပေးတဲ့အပိုင်းတွေ
ဝယ်သူတွေဆီက မတူညီတဲ့ ငွေပေးချေမှုပုံစံနဲ့ ပေးချေတဲ့ငွေတွေကို စနစ်တကျနဲ့ အလွယ်တကူလက်ခံနိုင်တဲ့ အပိုင်းတွေ
ဝယ်သူတွေဆီ ပစ္စည်းပို့ဆောင်တဲ့ပိုင်းတွေအတွက် ပစ္စည်းအချိန်မှန်ရောက်မရောက် စစ်ဆေးတဲ့အပိုင်းတွေ
စတဲ့ ပစ္စည်းတစ်ခုချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေကို ပြပေးနိုင်ဖို့က အစ ၊ ဝယ်ယူတဲ့အခါမှာ ငွေလက်ခံတာ အလယ် ၊ ဝယ်သူတွေဆီ ပစ္စည်း ပို့ပေးတာ အဆုံး ကိုယ်တိုင် ဘာတစ်ခုမှာ ဝင်ပါစရာမလိုဘဲ Digitally ရောင်းချနိုင်စေမှာ ဖြစ်ပါတယ်။
ဝယ်ယူသူတွေအနေနဲ့ကိုယ်ရောင်းတဲ့ပစ္စည်းတွေကို Website တွေ Mobile Phone တွေကနေသာမက ChatBot ကနေတဆင့်ပါ ဝယ်ယူလို့ရမှာဖြစ်ပါတယ်။
#Digi-Zaay
#မြန်မာနိုင်ငံအတွက် အဆင်အပြေဆုံး Checkout Process