အခုအချိန်မှာ Store ဆိုင်များ ၊ Brand များအားလုံးလိုလိုဟာ သူတို့ ဖောက်သည်တွေရဲ့ Messenger ကနေ ကုန်ပစ္စည်း မှာယူမှုကို လက်ခံဆောင်ရွက်ပေးနေကြပြီ ဖြစ်ပါတယ် ။
ဒါပေမဲ့ Messenger ကနေ Order လက်ခံတဲ့ ကိစ္စကလဲ အချိန်ပြည့်နီးပါး တော်တော်လေး သတိထား ဆောင်ရွက်ရတဲ့ အလုပ်တစ်ခုပါ ။
ဘယ်ပစ္စည်းတွေ ရောင်းချလဲ ပြောပေးရတာတွေ
ဘယ်ပစ္စည်းကို အရည်အတွက် ဘယ်လောက် ယူမယ် ၊ ဘယ်လောက်ဖိုး ယူမယ် ဆိုတာတွေ ပြောပေးရတာတွေ
Discount ပေးထားတဲ့ ပစ္စည်းတွေဆိုရင်လဲ Discount နဲ့ ပတ်သတ်တဲ့ Information တွေ ပြောပေးရတာတွေ
Out of Stock ဖြစ်နေတဲ့ ပစ္စည်းတွေဆိုလဲ မှားပြီး လက်မခံမိအောင် သတိထားရတာတွေ
တစ်ဖက်ကနေ ကိုယ်က ပစ္စည်းပြန်ဝယ်ပြီး ပို့ပေးတာမျိုးဆိုရင်လဲ ပြန်ဝယ်ဖို့ တူရာ ပစ္စည်းတွေ ပြန်ပေါင်းရတာတွေဟာ
တော်တော်လေးကို အချိန်ကုန် အာရုံနောက်ပြီး မှားဖို့ ရာခိုင်နှုံးများတဲ့ အလုပ်တွေပဲ ဖြစ်ပါတယ် ။
ဒီအခက်အခဲတွေ အကုန်လုံးကို ကျွန်တော် MM Digital Solutions ရဲ့ Digi-Zaay ChatBot Solution ကို အသုံးပြုပြီး ဖြေရှင်းနိုင်ပါပြီ ။
ကျွန်တော်တို့ Digi-Zaay ChatBot Solution မှာ
၁) ရောင်းသမျှ ပစ္စည်းတွေကို အလိုလျှောက် Order လက်ခံပေးတဲ့အပိုင်း
၂) Order တွေ Customer တွေ အကုန်လုံးကို Web-based Dashboard ကနေ တစ်စုတစ်စီးတည်း ပြန်လည် ကြည့်ရှုနိုင်မဲ့ အပိုင်း
၃) (လိုအပ်ရင်) တစ်နေ့စာ အတွက် Order တွေ အကုန်လုံးကို Excel Format နဲ့ ပြန် Export လုပ်နိုင်မဲ့ အပိုင်း
၄) Product တွေကို တစ်နေရာထဲမှာ တစ်စုတစ်စီးထဲ အသစ်တိုးနိုင် ၊ လျှော့နိုင် ၊ Out-of-Stock ဖြစ်မဖြစ် သတ်မှတ်နိုင်မဲ့ အပိုင်း
၅) Product တစ်ခုချင်းစီအလိုက် Discount သတ်မှတ်ပေးနိုင်မဲ့အပိုင်း
စတာတွေ အကုန်လုံး ပါဝင်မှာ ဖြစ်ပါတယ် ။
ဒါ့အပြင် ChatBot အတွက် ထည့်ထားတဲ့ Product Data တွေကိုလဲ E-Commerce Website တို့ Mobile App တို့ ပြုလုပ်လိုတဲ့အခါမှာ အဆင်သင့် ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ကိုယ့် Brand ၊ ကိုယ့် Store ရဲ့ E-Commerce အနာဂတ်အတွက်ကိုလဲ အများကြီး ပြင်ဆင်ထားပြီးသား ဖြစ်စေမှာ ဖြစ်ပါတယ် ။
ဒီလို အားသာချက်တွေ အကုန်လုံးကို ကိုယ်ပိုင် Facebook Page ပေါ်မှာ ရရှိနိုင်ဖို့ မျက်နှာလွှဲရတဲ့ (ဝန်ထမ်းတစ်ယောက်ရဲ့ လစာထက် အဆမတန်နည်းတဲ့) တစ်လကို တစ်သိန်း နှစ်သောင်းကျပ်ထဲနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။
အသုံးပြုလိုသူတွေ အသေးစိတ်ထပ်မံသိရှိလိုသူတွေအနေနဲ့ အောက်ပါ Interest Form ကို ဖြည့်ပေးမယ်ဆိုရင် ကျွန်တော်တို့ Digi-Zaay Services Team ကနေ ၂၄ နာရီအတွင်း ပြန်လည်ဆက်သွယ်ပြီး သိရှိလိုတာတွေကို ရှင်းလင်း ဖြေကြားပေးသွားမှာ ဖြစ်ပါတယ် ။