ဆိုင်ရှင်တစ်ယောက်အတွက် ကိုယ်ရောင်းနေတဲ့ပစ္စည်းတွေရဲ့ Stock အခြေအနေကို အလွယ်တကူသိရှိနေဖို့က ဘယ်လောက်ထိအရေးပါလဲ

Knowledge

2 min

ဆိုင်ရှင်အများစုက ကိုယ်ရောင်းနေတဲ့ ပစ္စည်းတွေရဲ့ လက်ကျန် Stock နဲ့ ပတ်သတ်တာတွေ ၊ ဘယ်အချိန်မှာ ဘယ်လောက် ရောင်းကောင်းလေ့ရှိတယ် ဆိုတာတွေကို သိပ်သိလေ့ မရှိကြပါဘူး ။

ဒါကြောင့်လဲ ကုန်ပစ္စည်းက ရောင်းအားကောင်းနေတဲ့ချိန်ကျမှ ပစ္စည်းပြတ်သွားတာလို့ မရောင်းလိုက်ရတာမျိုး၊ ကိုယ်က ဝယ်သူကိုပစ္စည်းရောင်းလိုက်ပြီးမှ ကိုယ့်ဆီမှာပေးဖို့ ပစ္စည်းမကျန်တော့တာမျိုးတွေ ဖြစ်ပြီး ဝယ်သူနဲ့ကိုယ့်နဲ့ ကြားက ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိခိုက်စေကြတာ ဖြစ်ပါတယ် ။

Digi-Zaay E-commerce Enabler Service ကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့ E-Commerce Store တွေမှာဆိုရင် Dashboard ကနေ တဆင့် ကိုယ်ရောင်းနေတဲ့ပစ္စည်းတစ်ခုချင်းစီအလိုက် အရေအတွက် ဘယ်လောက်ကျန်သေးတယ်၊ ဘယ်ပစ္စည်းတွေကတော့မှာရတော့မယ်၊ ဘယ်ပစ္စည်းတွေကတော့ အရေအတွက်လုံးဝမရှိတော့ဘူးဆိုတာတွေကို ချက်ချင်းသိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်က ဘယ်ပစ္စည်းတွေကိုတော့ အရေအတွက်ဘယ်လောက်ကျန်တော့ရင် မှာမယ်ဆိုတာမျိုးတွေလည်း သတ်မှတ်ထားနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဆိုင်ရှင်တွေအနေနဲ့ ကိုယ်တိုင် ပစ္စည်းတွေကို အိပ်ရေးပျက်ခံပြီး တစ်ခုချင်းစီလိုက်စစ်ဆေးစရာမလိုတော့တဲ့အပြင် အရေအတွက်မှားပြီးရောင်းမိတာတွေကိုလည်း လုံးဝမရှိတော့အောင်ထိ လျော့ချနိုင်မှာဖြစ်ပါတယ် ။

Digi-Zaay ဟာ နည်းပညာ အနာဂတ် အတွက် ရင်းနှီးမြုပ်နှံလိုတဲ့ ဆိုင်ရှင်တွေ Brand Owner တွေအတွက် Full-Stack E-Commerce တစ်ခုကို ၂ပတ်အတွင်း ပိုင်ဆိုင်နိုင်ဖို့ အစအဆုံး စီစဥ်ပေးတဲ့ Service Package ဖြစ်ပါတယ် ။

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၃၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ် ။

Digi-Zaay ကို စိတ်ဝင်စားလို့ Beta အနေနဲ့ စတင်အသုံးပြုလိုတယ်ဆိုရင် ၁လစာ ကိုယ်ပိုင် FullStack ECommerce ကို စမ်းသပ်အသုံးပြုနိုင်ဖို့အတွက် တစ်သိန်းကျပ်နဲ့ ကျသင့်မှာ ဖြစ်ပါတယ် ။ ဒီ Beta Instance မှာ ကိုယ်ပိုင် Website, Android App, iOS App နဲ့ ChatBot တွေ အကုန်လုံးပါဝင်မှာ ဖြစ်ပါပြီး လက်ရှိရောင်းချနေတဲ့ Product အခု ၂၀ကိုပါ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ် ။

Digi-Zaay ကို အပြည့် အသုံးပြုလိုတယ် ဆိုရင်တော့ တစ်နှစ်စာကို ဒေါ်လာ ၁၅၀၀ ကျသင့်မှာ ဖြစ်ပြီး ၊ OneTime Setup Fees အနေနဲ့ ဒေါ်လာ ၂၀၀၀ ကျသင့်မှာ ဖြစ်ပါတယ် ။

Digi-Zaay ကို အသုံးပြုလိုသူများအနေနဲ့ အနေဖြင့် အောက်ပါ Interest Form အားဖြည့်ပေးမည်ဆိုလျှင် Digi-Zaay Services Team မှ ၂၄ နာရီအတွင်း သိရှိလိုသည်များကို ပြန်လည်ဆက်သွယ်ပြီး ဖြေကြားပေးသွားမှာဖြစ်ပါတယ်။

>> https://bit.ly/digi-zaay

E-commerce

3 min

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္...

Knowledge

4 min

Cross -Border-E-Commerce ဆိုတာ ကိုယ့်ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နိုင်တာ မဟုတ်ဘဲ နိုင်ငံတကာကနေ အရောင်းအဝယ်ပြုလုပ...

Be the first to know about brand new Articles, News and Opportunities.

Your Email Address